UNICODE
.....
Part 7
.......အေဒီ တို့ အိမ်စာပုစ္ဆာတွေနဲ့စားပွဲပေါ်မှာ ခေါင်းစားနေတာမြင်ရတော့ ဒေါ်ခိုင်လေးတို့ကျေနပ်လို့နေတော့၏။စာလုပ်ချင်လွန်းလို့မဟုတ်ဘဲ အိမ်စာမပြီးရင် ဆရာက "ကျွန်တော်အိမ်စာမပြီးပါ" ဆိုတဲ့ board ကိုင်ပြီး ပတ်ရမယ်ဆိုလို့ကြောက်နေတာကိုတော့ သူမ မသိပေ။
"ခေါင်းစားလိုက်တာဘယ်လိုမှနားမလည်တော့ဘူး"
အေဒီ စိတ်ရှုပ်လွန်းလို့ မျက်ရည်တောင်ကျချင်လာလေသည်။
ထို့နောက်အိမ်ရှေ့စားပွဲပေါ်မှဖုန်းကိုကောက်ကိုင်ကာ"Hello"
"အင်း ပိုင်လေး မင်းအိမ်စာတွေပြီးသွားပြီလား"
"မပြီးသေးဘူး"
"မင်းအိမ်စာလုပ်ပြီးရင် vc(video call) ခေါ်လိုက် ငါကူးချင်တယ် လုပ်ပါကွာ နော် နော်"
"အေဒီလင်း မင်း ကိုယ့်အိမ်စာကိုယ်လုပ်ရမှာလေ ဘာလို့အဆင်သင့်ကူးချင်ရပြန်တာလဲ"
"ငါမှနားမလည်တာ"
"အဲ့ဒါဆိုနားလည်အောင်လုပ်ရမှာပေါ့"
"အေးပါကွာ လုပ်ပါ ဒီတစ်ခါပဲကူးမှာပါ"
"မရဘူး "
"ပိုင်လေးမင်းနေ့ခင်းထဲကဘာဖြစ်လို့အသားလွတ်ဒေါသထွက်နေရတာလဲ"
"မထွက်ပါဘူး"
"ရတယ် မင်းဟာမင်းကူးခိုင်ချင်ကူခိုင်းမကူးခိုင်းချင်နေ နောက်နေ့မှ ကျောင်းတစ်ပတ် ပတ်ပြလိုက်တော့မယ် ဒါပဲ"
အေဒီလဲ စိတ်ပေါက်ပေါက် နဲ့ပြောချင်ရာပြောပြီး ဖုန်းခွက်ကိုဆောင့်ချလိုက်တော့လေသည်။ပိုင်လေးက အရင်ကလောက်သူ့အားမခင်တော့ဟု အေဒီခံစားလာရကာ ဝမ်းနည်းနေမိတော့သည်။
ည ခုနစ်နာရီ ထမင်းစားပြီးသည့်တိုင် အေဒီစာပြန်မလုပ်
ည ရှစ်နာရီ
ည ကိုးနာရီ...ခွဲ တော့ အေဒီ့မေမေကဖုန်းလာပေးလေသည်။"အေဒီ ပိုင်လေးဖုန်းဆက်တယ်"
"အိပ်သွားပြီလို့ပြောလိုက်"
!ဟင်!
သားဖြစ်သူ စိတ်လက်တစ်ဆစ်ကိုတော့ ဒေါ်ခိုင်လေးတကယ်ပင် ပြောမနိုင်။ခုလည်း ပိုင်လေးနှင့်ရန်ဖြစ်ကြတာပင်ဖြစ်မည်။သူ့ဖုန်းကိုဆက်တာမကိုင်၍ ပိုင်လေးကဒေါ်ခိုင်လေးအားတကူးတကဆက်ခြင်းသာ။