PART 19

388 55 5
                                    

UNICODE
.................
Part 18
.........

ကျောင်း နှစ်ငါးဆယ်ပြည့်ရတုအထိမ်းအမှတ်အတွက် ပွဲကြီးကျင်းပမည်ဖြစ်သဖြင့် မေဂျာပေါင်းစုံမှ တာဝန်ပေးအပ်ခံရသောကျောင်းသားတိုင်းလိုလိုအလုပ်များလို့နေလေသည်။နာမည်ကြီးအဆိုတော်များလည်းလာမည်ဖြစ်သလို မေဂျာစုံကျောင်းသားတို့ကလည်း ပြဇာတ်၊ အဆိုး ၊အက၊ အတီး စသည်တို့ဖြင့်ဖျော်ဖြေကြမည်ဖြစ်၍ကျောင်းဝန်းထဲတွင်ပျားပန်းခတ်မျှအလုပ်ရှုပ်နေကြရတော့၏။
လူးလူမှာပွဲအစီအစဥ်တင်ဆက်သူတာဝန်ယူထားရသဖြင့် ရည်းစားတစ်ဖက်အလုပ်တစ်ဖက်ဖြင့်ဗျာများနေရရှာလေသည်။
ထည်ဝါနှင့်သုတမှာ ပွဲတွင်ပါဝင်ဖျော်ဖြေသူများအတွက် လိုအပ်သော အဝတ်အစား၊အသုံးအဆောင်များ စီစဥ်ရသောအဖွဲ့တွင်ကျလေသည်။ကျောင်းသားတိုင်းလိုလိုပင် အလုပ်များကြလျက်။

"အေဒီလင်း အတန်းမရှိဘူးမလား ဖျော်ဖြေရေးခန်းမထဲမသွားခင် ပြဇာတ်အတွက်ဦးဆောင်တဲ့ဆရာမကတိုင်ပင်ဆရာရှိလို့ခေါ်ထားတာတူတူသွားမယ်"

"ဟုတ် အစ်ကို ကျွန်တော်စာအုပ်သိမ်းလိုက်ဦးမယ် ခဏ"

English major မှ matser တန်း final ရောက်နေသော စီနီယာဖြစ်သူ
ကောင်းလင်းသန့် ကတူတူသွားရန်ခေါ်သဖြင့် အေဒီလွယ်အိတ်ကိုခပ်မြန်မြန်သိမ်းကာ ထွက်လာခဲ့တော့သည်။

"သူက တိုင်းတစ်ပါးကကောင်မလေးနဲ့မြန်မာကကောင်လေးရဲ့အချစ်ဇာတ်လမ်းတဲ့ အဲ့တော့  dialogue တစ်ချို့ကိုနည်းနည်းပြောင်းစရာရှိတာပြောင်းပြီး ပြဇာတ်ဖျော်ဖြေမယ့် ကလေးတွေရဲ့ အသံထွက်အဆင်ပြေစေဖို့မင်းနဲ့ငါကကူညီပေးရမယ်လို့တော့တီချယ်ကအသေးစိတ်ပြောပြထားတယ် Character တွေလည်းများတော့ မြန်မာ dialogue ဘက်ကိုကူညီစရာရှိတာကူညီဖို့ သုံးယောက်လောက်လဲခေါ်ထားတယ်ကြားတယ် ဟိုရောက်မှတွေ့ရမှာပဲ"

"ဟုတ် ဒါနဲ့အစ်ကို master တန်းက သူတွေပဲခေါ်လိုက်ပြီးတာပဲကို ကျွန်တော်ကအဲ့လောက်မှမတော်တာ"

"မင်းက foreigner တစ်ပိုင်းလို့ပြောလို့ရတော့သူတို့ dialogue လေ့ကျင့်ရင် အသံထွက်အတွက် မင်းတစ်ဖက်တစ်လမ်းကကူညီပေးလို့ရတာပေါ့ကွာ ဇာတ်ညွှန်းကလည်း နည်းနည်းပြင်ရေးစရာရှိတာပြင်ရေးရဦးမယ်လေ ကျန်တဲ့သုံးယောက်လဲရှိတယ်တဲ့ဆိုတော့ ငါးယောက်တိုင်ပင်ပြီး ဖျော်ဖြေတဲ့သူတွေနဲ့တူတူပေါင်းလုပ်ကြရမှာ"

AD, Can I be your strawberry?Where stories live. Discover now