UNICODE
......Part 11
....."မင်း ဘာဖြစ်သွားသေးလဲ အေဒီလင်း"
"ရူးနေလား ငါဘာမှမဖြစ်ဘူး ဒူးခေါင်းနဲ့ပါးရိုးနည်းနည်းပွန်းသွားရုံလေးပဲ ပြီးတော့ ဆေးရုံပေါ်ရောက်နေတဲ့လူနာကငါ့ကိုပြန်မေးနေရလား"
"...."
"သား ပိုင်လေး နာနေတဲ့နေရာမျိုးရှိသေးလား"
"သား အဆင်ပြေပါတယ် အန်တီ"
"သားရယ် ဖြစ်မှဖြစ်ရလေ "
ဒေါ်ခိုင်လေး ပိုင်လေးရဲ့ပါးတို့ကို ဖွဖွကိုင်ကာဆိုလိုက်လေသည်။
"သား ဖွားဖွားတို့မကြာခင်ရောက်လာလိမ့်မယ်... သား အိပ်ချင်ရင် ဆက်အိပ်နေလေ"
ဒေါ်ခိုင်လေး ပိုင်လေးအား ကုတင်ပေါ်တွင်လှဲရန်ကူညီလိုက်ပြီး စားပွဲနားတွင်သွားထိုင်နေလိုက်လေသည်။
အေဒီကပိုင်လေးအား စောင်ခြုံပေးလိုက်တော့ ပိုင်လေးက အေဒီ့အကျီ်စကိုပြန်ဆွဲထားလိုက်ရင်း
"ငါတို့ပြန်ခေါ်သွားတာလား"
"ရှူး ဘာဖြစ်နေတာလဲတိုးတိုးနေ မင်းကိုငါမခေါ်ဘဲနေတာသိရင် မေမေသတ်လိမ့်မယ်"
"......"
XxxxxxxX
သုံးရက်နေပြီးသောအခါ ပိုင်လေးဆေးရုံကဆင်းရလေသည်။လက်ကကျောက်ပတ်တီးမဖြည်ရသေးတော့ကျောင်းကိုခွင့်တိုင်ထားရကာ လူးလူ၊သုတနှင့်၊ ထည်ဝါတို့ကပါ ပိုင်လေးအိမ်သို့လူနာလာမေးကြလေသည်။
"Final exam ကနီးနေပြီဆိုတော့ နင့်စာတွေငါတို့ကူးပေမယ်"
"မင်းနာမလည်တာတွေငါရှင်းပြပေးမယ်"
သုတရဲ့ စကားကိုကြားတော့ လူးလူကရီကာ
"ဟဲ့ နင်ရှင်းပြရင် သူအဆင့်နောက်ဆုံးရောက်နေလိမ့်မယ် ထည်ဝါမင်းကိုသာရှင်းပြခိုင်းလိုက်"
ထည်ဝါကတော့ ထုံးစံအတိုင်းပင်
"မင်းငါ့ကို ဆရာ လို့ခေါ်ရင် လွတ်သွားတဲ့အခန်းတွေသေချာရှင်းပြပေးမယ်"
ပိုင်လေး ဘာမှမပြော ထည်ဝါအားမေးသာတစ်ချက်ငေါ့ပြလိုက်တော့သည်။