UNICODE
..................________
PART 19
________"ဒါနဲ့ သူက ငါ့ကိုဘာပြောချင်နေရတာလဲ မဟုတ်မှ? ငါ့ကိုကြိုက်နေတာလား? ဟာ.....မဟုတ်သေးပါဘူး အေဒီလင်း မင်းရူးနေတာလား ဘာတွေလျှောက်တွေးနေတာလဲ သူ့လိုလူမျိုး က ကောင်လေးတွေကိုကြိုက်စရာလား"
အိမ်ပြန်ရောက်တော့ အေဒီအခန်းထဲတွင်တစ်ယောက်ထဲခေါက်တုပ်ခေါက်ပြန်လျှောက်ကာ ပါးစပ်ကလဲမျိုးစုံရေရွတ်နေမိတော့၏။
"ဒါမှမဟုတ်....ပိုက်ဆံချေးချင်တာများလား...ဒါလဲမဟုတ်သေးပါဘူး သူကပိုက်ဆံမှမလိုတာ....မဟုတ်ရင် ရောဂါကြီးကြီးမားမားရှိနေတာမျိုးလား...ဒါလဲမဟုတ်လောက်ပါဘူးကြည့်ရတာအကောင်းကြီးပဲကို"
!သူ့ငါ့ကိုတကယ်မကြိုက်ဘူးလား...အေးလေ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....ယောက်ျားလေး အချင်းချင်း...ပြီးတော့ သူငယ်ချင်းတွေ ဟာကို!
ထိုသို့တစ်ဖန်တွေးမိတော့ အေဒီစိတ်မကောင်းဖြစ်ရပြန်လေသည်။နှစ်ယောက်ကြားတွင် စည်းတစ်ခုခုကဝင်တားထားသလိုလိုပင်။
"ဟင် ငါကဘာကိုစိတ်မကောင်းဖြစ်နေရတာလဲ ဖြန်း ဖြန်း ရပ်လိုက်စမ်း အေဒီလင်း မင်းအတွေးတွေကို ရပ် သူ့ဟာသူဘာဖြစ်ဖြစ်ပေါ့ မင်းအပူလား....မရတော့ဘူးမျက်နှာသွားသစ်မှဖြစ်တော့မယ်"
XxxxxxxX
"ဟယ်လို ဟဲ့ အေဒီ ကန်တင်းကိုလာမလား ငါရယ် သုတရယ် ဥက္ကာရယ်ပဲရှိတယ်
ထည်ဝါ က ဒီနေ့ကျောင်းမလာဘူး""အေး လာမယ်"
!အဲအဲနေပါဦး ဟိုကောင်ပိုင်လေးရှိတယ်တဲ့ ဘယ်မျက်နှာနဲ့သွားရမှာလဲငါက မတွေ့ချင်ပါဘူးသူ့ကို!
"လူးလူရေ sorry ပဲ ကိုကောင်းလင်းသန့်ကကျောင်းအားကစားခန်းမမှာ အစည်းအဝေး ရှိတယ်ပြောလို့ ငါသွားရဦးမှာ"
"ပြီးတာပဲ"
XXXXXX
Cafe ရဲ့ auto silde door အပွင့်
ထည်ဝါနှင့်ဘေးတွင် ရုပ်ရည်သန့်သန့်ပြန့်ပြန့်ရှိကာ ဂုဏ်သရေရှိအမျိုးသမီးကြီးကဟန်ပန်အပြည့်ဖြင့် ဆိုင်တွင်းသို့ဝင်လာလေသည်။"ဟာ အန်တီမပြောမဆိုနဲ့ရောက်လာတယ်"
"မပြောမဆိုနဲ့တဲ့ ကိုခန့်တို့စိမ်းကားချက် မင်းဆိုင်ဖွင့်ပွဲနေ့တစ်ခါပဲရောက်ပြီးကျန်တဲ့နေ့တွေ့မလာဖူးတော့ လာလည်ရတာပေါ့ ကိုယ့်တူဆိုင်ပဲ"