PART 20

461 46 8
                                    

UNICODE
.................
_______
PART 20
_______

"နေ နေပါဦး အခုငါနားကြားမှားတာလား တကယ်ကြီးကြားနေရတာလား"

အေဒီမှအရေးကြီး ကိစ္စတိုင်ပင်စရာရှိသည်ဆိုသဖြင့် ငါးယောက်ဆုံနေတုန်းတွင် ကြားလိုက်ရသော စကားကြောင့် သုတ အံ့သြမင်သက်ကာ ကိုယ့်နားကိုယ် မယုံနိုင်ပင်ဖြစ်နေရတော့လေသည်။

"ဟုတ်တယ် ငါ ဘယ်လိုလုပ်ရမလဲ....အစည်းအဝေးရှိတယ်ဆိုလို့သွားတဲ့ဟာကို ဟိုရောက်တော့ခန်းမထဲမှာ တစ်ယောက်မှရှိမနေခဲ့ဘူးလေ ကိုကောင်းလင်းသန့် ကျန်တဲ့သူတွေရောလို့မေးလိုက်တော့ တကယ်တော့ အစည်းအဝေးမရှိဘူးတဲ့ ညီ့ကိုပြောစရာရှိလို့ခေါ်တာတဲ့ဆိုပြီးတော့ ငါ့ကို....."

"ဘာဖြစ်လဲဆက်ပြောလေ"

လူးလူ ခုံကိုတစ်ချက်ခေါက်ကာသိလိုဇောဖြင့်အလျင်အမြန်မေးလိုက်မိလေသည်။

"လက်ကိုလာကိုင်တယ်"

"ဟင်"

"ရုတ်တရက်ဆိုတော့ ငါလဲလန့်သွားပြီး ဆွဲဖယ်လိုက်တာပေါ့ ပြီးတော့ ဘာလုပ်တာလဲလို့မေးလိုက်တော့ သူငါ့ကိုသဘောကျနေတာကြာပြီတဲ့ fresher welcome မှာကတည်းကစသတိထားမိပေမယ့် စကားပြောဖို့လမ်းစရှာမတွေ့လို့တဲ့ ဒီပွဲမှာလဲ ပြဇာတ်မှာကူညီဖို့လူကို ငါ့ကိုထည့်ဖို့ဆိုတာဆရာမကိုသူအကြံပေးခဲ့တာတဲ့ စကားပြောချင်လို့တဲ့လေ"

"သူကလား လုံးဝမထင်ရဘူးဟယ်"

"အတင်းအကြပ်ပဲဟာ ငါသဘောမကျဘူးလို့ပြောတာကို အတင်းပဲ စဥ်းစားပေးပါလားတွေရော သူကယောက်ျားလေးဖြစ်နေလို့သဘောမကျတာလားဆိုတာတွေရော...ပြီးတော့ ငါ့မှာသဘောကျနေတဲ့သူရှိလို့လားဆိုတာတွေရော"

"မင်း ဘာပြန်ပြောလိုက်လဲ"

"အမှန်တော့ ငါညက အိပ်မက်တစ်ခုမက်ခဲ့လို့စိတ်တွေရှုပ် ခေါင်းတွေနောက်နေတာ သူပြောမှပဲပိုဆိုးသွားတယ် ဘာလုပ်ရမှန်းလည်းမသိဘူး ကျွန်တော့်ကိုအချိန်တစ်ခုပေးပါလို့ပဲပြောလိုက်မိတယ်....ဟူး"

ခေါင်းကို ကုတ်ခါ စိတ်ရှုပ်လေးပင်စွာပြောလိုက်သော အေဒီ့အား လူးလူက တစ်ချက်မျှ မျက်ခုံးပင့်ကာထပ်မေးလိုက်လေသည်။

AD, Can I be your strawberry?Where stories live. Discover now