UNICODE
...................Part 14
......သုံးလောကကိုယ်စားလှယ်နတ်သားတွေအများကြီးရှိနေသည့်အခါသူ့အားဒီတိုင်းဆက်ခေါ်နေ၍မဖြစ် ပိုင်လေးသူ့ကိုစတွေ့ခဲ့တုန်းက ဂျေဒိုးနတ်စားနေသည့်အတွက် နာမည်အပေးကောင်းသူ ပိုင်လေးမှာ ထိုနတ်အား ဂျေဒိုးနတ်ဟုခေါ်ခဲ့လေတော့သည်။
ဒိုးနတ်မှာ အတိတ်ဘဝကိုမှတ်မိနေသော ပိုင်လေးထံတွင် လိုတာထက်ပိုသည်များကိုမမှတ်မိစေရန်။ယခင်ဘဝနှင့်ယခုဘဝကိုရောထွေးမသွားစေရန်။ပျောက်သောသူကိုကူရှာပေးရန် ကိုယ်ထင်ပြပေါ်လာကာကူညီပေးနေခဲ့ရခြင်းဖြစ်သည်။အခြားအထွေထွေတာဝန်များလည်းသူ့ထံတွင်ရှိလို့နေသေး၏။
သူသည်မည်မျှပင်အဆင့်နိမ့်သောနတ်ဖြစ်လင့်ကစား ကောင်းကင်ဘုံကရော အောက်ငရဲကပါပေးသောတာဝန်တွေများလွန်းလှပြီး လူသားတို့၏အတိတ်မှတ်ဉာဏ်များကိုထိန်းသိမ်းရသည်မှာလည်း သူတို့လိုနတ်များ၏ တာဝန်ပင်ဖြစ်လို့နေတော့သည်။ပိုင်လေး အသက် ၁၃ နှစ်အရွယ်ကစကာ အတိတ်ဘဝကိုပြန်မက်သောအိပ်မက်များကိုမက်နေခဲ့သည်။ထိုအချိန်မှစ၍ ဒိုးနတ်လည်းပေါ်လာရခြင်းဖြစ်တော့သည်။"ပေါ်လာတော့လည်း ဘာဖြစ်လဲ ငါဘယ်သူမှန်းတောင်သူသိမှာမဟုတ်ဘူး....ပထမတစ်ခေါက် မင်းလက်ကျိုးတုန်းက ဆရာဝန်မပုံဖန်ဆင်းထားတာ,ဟိုတလောက မင်းတို့အဒေါ် မင်ဂလာဝတ်စုံရွေးတုန်းက ဒီဇိုင်နာ ယောင်ဆောင်တယ်လေ,ဒီညတော့ ပန်းရောင်းတဲ့အဒေါ်ကြီးအသွင်နဲ့ပေါ့ ဟဲဟဲ ငါသရုပ်ဆောင်တာပီပြင်တယ်မလား"
"......"
"ဒီမှာမင်းငါ့ကိုအပြစ်သား ကိုကြည့်သလိုကြည့်မနေနဲ့ "
ပိုင်လေး ဘာမှဆက်ပြောချင်စိတ်မရှိပေ အနှီလေရှည်ပြီး စိတ်ရှုပ်ဖွယ်ကောင်းသော ပေါက်ပေါက်ဖောက်စက်နဲ့တူသောနတ်အား မေးလိုက်တော့၏။
"သူ့နားကိုမပေါ်လာနဲ့ ငါ့ဟာငါ ကြည့်ဖြေရှင်းမယ်လို့မင်းကိုမပြောထားဘူးလား"
ထိုအခါ ဒိုးနတ်ကမထုံတတ်တေးအမူအရာဖြင့်ကြည့်လိုက်ရင်း
"ဒီမှာ ငါပြောရမှာတော့အားနာတယ် သူ ၁၆ နှစ်ပြည့်တာနဲ့သူ့မှတ်ဉာဏ်တွေပေါ်လာရမယ့် ကံကအလိုလိုဖြစ်လာပြီးသားနော် အဲ့လိုကိစ္စတွေကငါနဲ့ဆိုင်မနေဘူး လိုတာထက်ပိုတဲ့မှတ်ဉာဏ်တွေမမှတ်မိအောင် လုပ်ပေးရမှာကသာငါ့တာဝန်ပဲ ပြီးတော့ နောက်ဆက်ဖြစ်မယ့် ကိစ္စတွေကဆိုးလားကောင်းလားလည်း ကြိုသိမနေဘူး သူ့နားပေါ်လာတယ်ဆိုတာက အန္တရာယ် ကြီးကြီးမားမားမဖြစ်စေလိုလို့ တတ်နိုင်သလောက်ကူညီပေးချင်တဲ့ အီဖေကိုရဲ့ စေတနာပဲ"