PART 29

161 12 0
                                    

Unicode
.................

PART 29
.................

"မင်း အိပ်ချင်နေပြီလား"

အေဒီ ပိုင်လေးနှင့် ဖုန်းပြောနေသည်မှာ တစ်နာရီကျော်မျှကြာနေပြီဖြစ်သည်။မနေ့က လူးလူကြောင့်အကုန် စိတ်ရောလူပါပင်ပန်းပြီးဖြစ်ရကား မနက်အိမ်ပြန်ရောက်သည်နှင့် အိပ်လိုက်သည်မှာ ညနေမှနိုးတော့သည်။ယခုညပိုင်းတွင်တော့ ပိုင်လေးနှင့်ဖုန်းပြောကာ အချိန်ကုန်နေမိလေသည်။ဆယ့်တစ်နာရီကျော်နေပြီဖြစ်သဖြင့် ပတ်၀န်းကျင်မှာ တိတ်ဆိတ်နေ၏။လင်းနို့တစ်ကောင်၏ တဖျပ်ဖျပ်တောင်ပံခတ်သံနှင့် သစ်ပင်ကြီးမျာ‌းပေါ်သို့ ရှဉ့်ပြေးသံတို့ကိုသာကြားနေရလေ၏။

"အိပ်တော့ မအိပ်ချင်သေးပါဘူး"

"ဒါနဲ့ မင်းပတ်၀န်းကျင်တာ ထူးဆန်တာမျိုးတွေ့ရသေးလား"

"အမ် ဘယ်လိုထူးဆန်းတာမျိုးလဲ"

"မတွေ့ဖူးတဲ့ လူကို ခဏခဏတွေ့ရတာမျိုးဖြစ်ဖြစ် တစ်ခုခုပေါ့"

ထိုစကားကြားသောအခါ အေဒီ့ခေါင်းထဲတွင် မိမိနောက်အမြဲလိုက်နေသော ဦးလေးကြီးအား အမှတ်ရမိလေတော့သည်။သို့သော် မသေချာသည့်အပြင် အလုပ်များနေသော ပိုင်လေး စိုးရိမ်ပူပန်ရမည်ကို မလိုလားသဖြင့် မတွေ့မိဟုသာဖြေလိုက်တော့လေသည်။

XxxxX

ရက်သတ္တပတ်တို့ တဖြည်းဖြည်းကုန်ဆုံးလာလေပြီးနောက် လူးလူပင်ကိုယ်၀န် ဆယ်ပတ်သို့ ရောက်ရှိနေလေပြီ။ထည်ဝါသည် ကိုခန့်ဆိုင်တွင်အချိန်ပိုင်းလုပ်နေရာမှ မိခင်အလိုကျ အဖေဖြစ်သူ၏ကုမ္ပဏီတွင် အလုပ်သင်၀င်လုပ်ဖြစ်နေတော့၏။မကြာခဏ ဆိုသလို လူးလူဆီသို့အမြဲသွားလည်ကြကာ ကူညီပေးဖြစ်နေကြလေသည်။

"ဟဲ့ ထည်ဝါ ဒီနေ့တော့နင်တစ်ယောက်ထဲပါလား"

"အေဒီက ဥက္ကာတို့ခြံထဲသွားလည်တယ် သူ့အမေနဲ့သူနဲ့စတော်ဘယ်ရီတွေ ပါကင်ထုတ်ပြီး ကျောင်းပိတ်ရက်မှာရောင်းနေကြတယ်ဆိုလားပဲ အန်တီလည်း ပျင်းလို့နေမှာပေါ့"

"ဟုတ်လား ဘာမှမဟုတ်ဘူး အဲ့ကောင် ဥက္ကာဆီသွားချင်လို့ဂွင်ဆင်တာနေမှာပေါ့"

AD, Can I be your strawberry?Where stories live. Discover now