UNICODE
▪▪▪▪▪▪▪▪▪▪▪▪▪▪_______
PART 22
_______"အေဒီရော ထည်ဝါ"
"ရေဆင်းကူးနေတယ်....ဥက္ကာက ဟိုကောင်မလေး ကစကားပြောချင်တယ်ဆိုလို့ ခဏလိုက်သွားတယ်"
"အဲ့တစ်ယောက်က ခုထိလိုက်နေတုန်းလားသူ့ကို...ဒါနဲ့ နင်တို့နှစ်ယောက်ဘယ်လိုသဘောရလဲ ဥက္ကာက အေဒီ့ကိုသဘောကျတယ်ဆိုလည်း ဘာလို့ဘာမှမပြောသေးတာလဲ ပြီးတော့ငါတို့ကိုရော ဘာလို့မပြောပြတာလဲ"
"ဒါတော့ သူပြောလိုက်ရင် သူငယ်ချင်း သံယောဇဉ် ပါပြတ်သွားမှာစိုးလို့နေမှာပေါ့"
ထည်ဝါက ရေကူးနေသူများဘက်ကိုလှမ်းမျှော်ကြည့်ရင်းပြောလိုက်လေသည်။
"ငါတို့ကိုပြောဖို့ကကျ လွယ်ကူတဲ့ ကိစ္စမှမဟုတ်တာဟာ ပြီးတော့ သူက အေဒီ့ကိုကြိုက်တယ်ဆိုတာ ငါတို့သုံးယောက်ရဲ့အထင်ပဲရှိသေးတာမလား"
"မသိဘူးဟာ သေချာတာတော့ အေဒီကလည်းသူ့ကို နည်းနည်းစိတ်ရှိပါတယ် ဒါမျိုး ဆို ငါတို့မိန်းကလေးတွေအာရုံကလွဲခဲတယ်....ငါထင်တာ နင်တို့နှစ်ယောက်တောင်...."
""ဘာကိုနင်တို့နှစ်ယောက်လဲ""
သံပြိုင်အော်လိုက်တာကြောင့် လူးလူနားစည်ပင် ကွဲတော့မည်လားအောက်မေ့ရလေသည်။
"ဟဲ့ တကတည်း ဘာတွေလာအော်နေတာလဲ နင်တို့နှစ်ယောက်တောင် အေဒီ့စိတ်ကိုငါ့လို မခန့်မှန်းနိုင်ဘူးမလား ပြောမလို့ကို"
သုတမှာ အထုပ်အများကြီးကိုင်ထားရ၍ ညောင်းကာစိတ်မကြည်စွာ အော်မိခြင်းဖြစ်ပြီး ထည်ဝါတစ်ယောက်ကတော့ သူခိုးလူမိဟန်မျက်နှာပေးမျိုးနှင့်မို့ လူးလူတစ်ယောက်ခုမှ သံသယစဝင်လာတော့သည်။
!ဟိုအတွဲထက် ဒီအတွဲက ပိုထူးဆန်းနေသလိုပဲ!
"ဒါပေမယ့် သူတို့ကိစ္စကိုငါတို့ဝင်မပါကြရအောင် ဒါမျိုးက ကာယကံရှင် တွေပဲညှိတာကောင်းတယ်...တစ်ချိန်ချိန်တော့ပြောပြလောက်မှာပါ စောင့်ကြတာပေါ့"
သုတစကားကိုကျန်နှစ်ယောက်လုံး
ခေါင်းငြိမ့်ကာထောက်ခံလိုက်၏။