PART 2

1.1K 146 3
                                    

UNICODE
.....
Part 2
......

အေဒီ အတန်းထဲပြန်လာထိုင်တော့
ထည်ဝါမင်း ရဲ့ဘေးနားမှာ ကောင်မလေးတစ်ချို့ဝိုင်း၍နေသည်။

"ထည်ဝါ နင် 99 မှတ်တောင်ရတယ် တော်လိုက်တာ"

"ဟုတ်ပ မုန့်ဝယ်ကျွေးလိုက်တော့ငါတို့ကို"

!ဒီကောင်က အတန်းထဲမှာ နာမည်ကြီးမယ်ထင်တယ်!

အရပ်ရှည်ရှည်နဲ့ ရုပ်မဆိုသလောက်ရှိတဲ့ထည်ဝါကိုကြည့်ပြီး အေဒီကောက်ချက်ချလိုက်မိ၏။

"အော် ထည်ဝါ ငါ့ကိုရေနည်းနည်းတိုက်ပါလား"

ကောင်မလေးက ရေဘူးကိုလှမ်းယူတော့ဘေးနားက သူ့သူငယ်ချင်းက တားလိုက်ကာ

"ဟဲ့ အဲ့ဒါ ခုနက စုန်းကောင်လေးသောက်ထားတာဟဲ့"

"အွီး ဟုတ်လား ငါမသိလို့"

ကောင်မလေးက အေဒီဘက်ကိုကြောက်သလိုလိုနဲ့ကြည့်ရင်း သူ့နေရာမှာပြန်ထိုင်နေလိုက်၏။
ထည်ဝါမင်းက ရုတ်တရတ် ဒီဘက်လှည့်လိုက်တော့ အေဒီ့ရဲ့ လက်ကိုသူ့လက်နဲ့တိုက်မိသွားတော့သည်။

"အာ sorry sorry"

အေဒီ အပြစ်မရှိဘဲတောင်းပန်လိုက်တာတောင် ထိုကောင်လေးက အေဒီကိုထိမိလို့ပဲရွံသလိုလိုကြောက်သလိုလိုနဲ့ ကျောင်း အကျီ် နဲ့လက်ကိုသုတ်ပစ်လေသည်။
အေဒီတော်တော်ကြီးကိုငိုချင်နေပါပြီ။ ကျောင်းမှာငိုချလိုက်လို့ကလည်းမဖြစ်။
ကျောင်းဆင်းချိန်မှာတော့ မေမေကားနဲ့လာကြိုမှာကိုစောင့်နေလိုက်တော့သည်။
ဖယ်ရီမစီးချင်လို့ ကျောင်းကြိုပို့တာတော့မေမေလုပ်ပေးပါလို့တောင်းဆိုထားရသည်ပင်။

6တန်းဖယ်ရီကတော့ အေဒီ့ရှေ့ကနေဖြတ်သွားလေပြီ ကားမထွက်ခင် အတန်းထဲကတစ်ချို့ကောင်လေးတွေက အေဒီ့ကိုလှောင်သွားကြသေး၏။

"ဆံပင်အဖြူရောင်နဲ့ စုန်းကောင်လေးရေတာ့တာ " တဲ့

"ဟေ့ရောင်တွေ"

ကားပေါ်ကနေတစ်ယောက်ယောက်ကအော်တားလိုက်သည်။ အေဒီကြည့်လိုက်တော့ အမှတ် ၁၀၀ ရတယ်ဆိုတဲ့ အေဒီရှေ့ခုံကကောင်လေး။ သူက အေးတိအေးစက် ဆိုပေမယ့် စိတ်ထားတော့ကောင်းမည်ထင်သည်ဟုအေဒီမှတ်လိုက်သည်။

AD, Can I be your strawberry?Where stories live. Discover now