Unicode
.................PART 28
......."လှေကားတွေ အရမ်းများလို့ တက်ရတာပင်ပန်းပေမယ့် ဘုရားရင်ပြင်ပေါ်ကိုရောက်ရင် တကယ် ပင်ပန်းရကြိုးကိုနပ်သွားတာပဲ"
"မေမေ မညောင်းဘူးလား သားတော့ခြေထောက်ကိုက်လာပြီ"
"ငါ လူကြီး ညည်းဖို့လည်းထားပါဦး အေဒီလင်း ရယ် သူ့အဖေသားလို့ကိုမပြောရဘူး Aris ငပျင်းပဲ"
"အမယ် သူ သူ့ယောက်ျားကိုလွမ်းနေပြီ"
"လွမ်းတယ်တော်ရေ့ ကျုပ်ယောက်ျားပဲလေ မကျေနပ်ရင် ကောင်မလေးရှာလိုက်လေ"
မိခင်ဖြစ်သူအား ဘုရားပန်းများနှင့်ငါးစာကိုကူသယ်ပေးရင်းက စကားတများများဖြင့် လှေကားများ ကိုတက်လာသည်မှာ ရင်ပြင်ပေါ်သို့ပင်ရောက်ကြပေတော့မည်။ကနေဒါတွင်ရှိနေသော ဖခင်ဖြစ်သူအား ဒေါ်ခိုင်လေးလွမ်းသလို အေဒီတစ်ယောက်လည်းပိုင်လေးကိုလွမ်းနေမိပါသည်။အထူးသဖြင့် လှေကားတစ်ထစ်ချင်းစီကို တက်လိုက်တိုင်းတွင် အတိတ်ကဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့ကဖျက်ကနဲဖျက်ကနဲပေါ်လာမိသေးတော့ ပိုင်လေးတစ်ဖြစ်တလဲ ထင်လင်းနှင့် မိမိ၏အရင်ဘ၀တို့ကိုပါ အမှတ်ရနေမိတော့သည်။
လူအနည်းငယ်သာရှိနေပြီး ဘုရားပွဲအချိန်အခါလို ကျိတ်ကျိတ်တိုးမနေရသည့်အတွက် တိတ်ဆိတ်အေးချမ်းကာ လှေကားတွေရဲ့ဘေးတစ်ဖက်တစ်ချက် တောအုပ်ဆီမှ ကျေးငှက် တို့၏ ကျီကျီကျာကျာအသံတို့ကိုပင်ကြားနေရလေ၏။တောင်စောင်းမှကျဆင်းသော စမ်းချောင်းသွယ်သွယ်၏ ရေစီးကျသံကလည်း သံစဉ်တေးတစ်ပုဒ်ကိုနားထောင်နေရသလိုပင်။
"ဦးလေးကြီး ဦးလေးကြီး ပိုက်ဆံအိတ်ကျကျန်ခဲ့တယ်"
ရင်ပြင်ထိပ်နားမရောက်ခင် ဘုရားပန်းသည် ကောင်မလေးရဲ့ စာစာစာစာ အသံကိုကြားတော့အေဒီနောက်သို့ လှမ်းကြည့်လိုက်မိတော့သည်။
"ကျေးဇူး ကျေးဇူး"
ထိုလူကြီးက ပိုက်ဆံအိတ်ကိုယူကာ လှေကားပေါ်ထပ်လှမ်းမည်အပြု အေဒီကကြည့်နေသည်ကိုတွေ့သွားသဖြင့် ပန်းသည်ကောင်မလေးဘက်ကိုရုတ်ချည်းပြန်လှည့်ကာ ပန်း၀ယ်နေတောာ့သည်။