UNICODE
--------------------------________
PART 21
________"ဒါလေးကလှလား ဒါမှမဟုတ် နီလာတစ်ဆင်စာ ပဲယူလိုက်ရင်ကောင်းမလားမသိဘူး အိမ်မှာရှိနေတာတွေက ပုံတုန်းနေသလိုခံစားရတယ်"
တောက်ပြောင်လှပနေသော အိမ့်တန်ဆာ အဖိုးတန် ဆိုဖာကြီးများပေါ်တွင် ကျားသားရေဖြင့်ပြုလုပ်ထားသောအခင်းတို့ကိုခင်းထားလေ၏။ထိုထိုင်ခုံပေါ်တွင်တော့ ထည်ဝါ၏ မွေးသမိခင်ကထိုင်ကာ ကျောက်မျက်ရတနာဆိုင်က အသိအကျွမ်းကလာပြနေသော နောက်ဆုံးပေါ်အဖိုးတန်များကိုကြည့်ကာစိတ်တိုင်းကျလို့နေတော့သည်။
"ယူမယ်နော် ဒီတစ်ခေါက်ဟာတွေကအရမ်းလှတာပဲ စိတ်တိုင်းကျတယ် စိတ်တိုင်းကျတယ် ဟယ် သား ရောက်လာပြီလား"
"အင်း သားအပေါ်တက်တော့မယ်"
"ဒါဆို ပြန်တော့မယ်နော် အစ်မ"
"အေးအေး ညနေမှဖုန်းနဲ့လိုတာဆက်ပြောတာပေါ့ ကျေးဇူးပဲညီမလေးရေ့ နောက်အပတ်ပွဲတက်ဖို့အသစ်လေးတွေဝယ်ချင်နေတာ"
"ရပါတယ်မမရဲ့ အသစ်တွေရောက်ရင်လည်းလာပြပေးဦးမယ်"
အိမ်နေရင်းအဝတ်အစားတို့လဲလာရင်း အောက်ထပ်သို့ ပြန်ဆင်းလာသောထည်ဝါက လတ်ဝတ်တန်ဆာများကိုကြည့်ကာပျော်ရွှင်နေသော အမေဖြစ်သူအား တစ်ချက်ကြည့်ကာ ပြောတော့သည်။
"မေမေ ခုတလော အရမ်းတွေ လျှောက်ဝယ်နေသလိုပဲ"
"ဘယ်ကသာ မဝယ်တာကြာနေပါပြီ မင်းကဘယ်တုန်းကငါ့ကိုဂရုစိုက်သွားပြန်တာလဲ ဘာလဲမုန့်ဖိုးလိုနေလို့မလား လွှဲပေးလိုက်ရမလား"
"မဟုတ်ပါဘူး မလိုအပ်ဘဲလျှောက်ဝယ်နေတာမဟုတ်ဘူးလားလို့ မုန့်ဖိုးလဲမပေးနဲ့ရပါတယ် သားအချိန်ပိုင်းအလုပ်ရှာရင်ကောင်းမလားစဥ်းစားနေတာ"
"ဘုရားရေ သား ထည်ဝါ ဘယ်လိုဖြစ်လို့ကောက်ခါငင်ကာ ကြီး လိမ္မာနေတာလဲ ဘာကိုအလုပ်လုပ်ဦးမှာလဲ ပြောစမ်း သား ဘယ်နေရာမှာအကြွေးတွေတင်နေတာလဲ"
"ဟာဗျာ မသိရင် သားကပဲအရင်ကဆိုးသွမ်းနေတဲ့သူကြီးကျလို့ အလုပ်က ဒီအတိုင်းလုပ်ချင်လို့လုပ်တာကို"