UNICODE
...................Part 5
......."Samuel hey !!! မင်းပဲ ဂိမ်းဆော့မယ်ဆိုပြီး"
"မရတော့ဘူးကွ မာမီက weekend မှဆော့တဲ့...အဲ့ကျမှချိန်းဆော့မယ်"
သူငယ်ချင်းနဲ့ဖုန်းပြောရင်း ဂိမ်းမဆော့ရဘူးဆိုတော့ အေဒီစိတ်ဓာတ်ကျသွားတော့၏။
Samuel ကလည်း အေဒီ့လို မြန်မာ-ကနေဒီးယန်း ကပြားလေးပင်။အေဒီ့ကို သူ့ထက်အကောင်သေးလို့ smurf လေးလို့ခေါ်တတ်တဲ့ smuel နဲ့က မိဘချင်းပါရင်းနှီးသလို သူတို့ကလည်းအတွင်းသိအဆင်းသိသူငယ်ချင်းကြီးတွေဖြစ်ကြလေသည်။"So မင်း မြို့ထက် ပြောင်းတယ်ဆိုတော့ကျောင်းသစ်မှာသူငယ်ချင်းသစ်တွေရပြီလား"
Samuel အမေးကို အေဒီ တိုးတိုးလေးဖြေလိုက်မိသည်။ မေမေနဲ့တီလေးကြားမှာကစိုးရသေး။
"Bitch it's so difficult ဒီက ကလေးတွေကငါ့မျက်လုံးကိုကြည့်ပြီး စုန်းတဲ့ကွာ"
"စွန်းက ဘာလဲ "
"Hey စုန်းကွစုန်း မြန်မာလိုပီအောင်မပြောနိုင်သေးဘူးလား witch ကွာ"
"ဟင် ဘယ်လိုကလေးတွေလဲ ငါလာပြီးလက်စွမ်းပြလိုက်ရ"
"ဒါပေမယ့် အတန်းခေါင်းဆောင်ကတော့သဘောကောင်းပါတယ်"
"ဟုတ်လားဒါဆိုတော်သေးတာပေါ့
ဟေ့ရောင်မာမီခေါ်နေပြီ ငါသွားရတော့မယ် အကယ်၍ မင်းသူငယ်ချင်းရခဲ့ရင် game တူတူချိန်းဆော့မယ်နော်သိလား""အေးအေး bye မင်းငါ့ကိုလည်းမမေ့နဲ့ဦး Church ကျောင်းမှာတွေ့နေကျ Daisy ကိုငမ်းနေတာတွေလည်း ရပ်လိုက်တော့"
"Fuck u"
ဖုန်းမချခင်ဆဲသွားတဲ့ samuel အသံကိုကြားပြီးအေဒီ ရီလို့နေတော့၏။
Samuel ကိုလွမ်းလိုက်တာ သူတို့မိသားစုကအရမ်းသဘောကောင်းတာ ဟုတွေးနေမိသည်။ အေဒီ့အတွက်တော့စားအိမ်သောက်အိမ်လိုပင်။ ငယ်ငယ်ကတည်းကတတွဲတွဲရှိခဲ့ကြလို့လားမသိ မြန်မာစရောက်တုန်းက Dad ကိုရော Samuel ကိုရော လွမ်းလို့အေဒီငိုရသေးသည်။ကျောင်းသွားလည်းအတူတူ ပိတ်ရက်စက်ဘီးစီးလျှောက်သွားကြလည်းအတူတူဆိုတော့ တကယ်လွမ်းသည်။တူတူစားနေကြရေခဲမုန့်လည်းလွမ်းမိသည်။ burger ဆိုင်လည်းလွမ်းသည်။ တစ်ခါတစ်လေ လမ်းထဲတူတူလျှောက်ဆော့နေကျတခြားသူငယ်ချင်းတွေကိုပါလွမ်းမိနေသေးတော့၏။
အေဒီ ဒီမှာလည်းအဲ့လိုသူငယ်ချင်းတွေရှိရင်ကောင်းမှာပဲ ဒါမှမဟုတ် သူငယ်ချင်းတွေအကုန်လုံးကိုဒီခေါ်လာလို့ရရင်လည်းကောင်းသား။တွေးရင်းစာကျက်စရာမလိုတာမို့ အေဒီတန်းအိပ်ပျော်သွားတော့တမိလေသည်။
XxxxxxX
YOU ARE READING
AD, Can I be your strawberry?
Ngẫu nhiên#ZAWGYI&UNI #SCHOOLLIFE #ROMANCE #BL #OCFIC