UNICODE
.......Part 10
....ပိုင်လေး ဆရာပေးသောစာရွက်ကိုယူကာဖတ်ရန်ပြင်လိုက်လေသည်။
"Just wanna recommend this...... "
တစ်ချက်တစ်ချက် english လိုတွေညှပ်ပါနေတော့နားထောင်နေသူများသိလိုက်ကြသည် အေဒီလင်းရွေးထားသောသီချင်းပင်။
"မင်းကငါ့သူငယ်ချင်းဖြစ်လို့ ငါ့အပေါ်မှီခိုနိုင်ပါတယ် မင်းလိုတိုင်းအမြဲရှိနေမှာဖြစ်ပြီး မင်းလည်းငါ့အတွက်ဆိုအမြဲရှိနေမယ်ဆိုတာငါသိနေတယ် ဒါဟာ သူငယ်ချင်း အချင်းချင်းလုပ်သင့်လုပ်ထိုက်တာဖြစ်လို့ပဲ ဆိုတဲ့ စာသားတွေပါလို့ this song is so good "
ပိုင်လေးဖတ်ရင်းက အေဒီ့ဘက်ကိုလှည့်ကြည့်လိုက်လေသည်။ စကားပြေအရေးအသားသေချာလေ့ကျင့်ပါလို့ပြောထားရက်နဲ့တောင်အဆုံးအစွန်ထိ သူ့စကားနားမထောင်သော အေဒီ့အား ပိုင်လေး ဘယ်လိုလုပ်ရမည်မသိ။အေဒီကတော့
သူ့အကြည့်အားရိုးရိုးတန်းတန်းပင်မဟုတ် မျက်စောင်းထိုးကာလွှဲသွားလေသည်။အေဒီရွေးထားတဲ့ Bruno Mars ရဲ့ Count On Me ကို နားထောင်ရင်း နားထောင်နေကြတဲ့သူငယ်ချင်းတွေအချင်းချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအပြုံးကိုယ်စီဖြင့် ။ ထိုအခိုက်အတန့်ကိုကြည့်မိလျှင် လူတိုင်းကြည်နူးမိမည်မှာအသေအချာပင်။ဂီတဆရာလည်းထိုနည်းလည်းကောင်း။
နောက်ဆုံးဖတ်ပြရမည့်သူကတော့ မင်းသုတပင်။
"........ဒါဟာ idol မဖြစ်ခင် သင်တန်းသားကာလအတွင်းမှာကြုံတွေခဲ့ရတဲ့သူတို့ရဲ့ခက်ခဲမှု ပျော်ရွှင်မှု ဝမ်းနည်းမှုအမှတ်တရတွေကိုပေါင်းစည်းထားရာက ဖြစ်တည်လာတဲ့သီချင်း တစ်ပုဒ်ပါ။ကျွန်မတို့သည်လည်း ပညာသင်ရင်းလျှောက်လှမ်းလာရမယ့်ဘဝခရီးတစ်လျှောက်မှာ အခက်အခဲများစွာကိုတွေ့ရမှာဖြစ်ပြီး ထိုအခက်အခဲတွေ ကျရှုံးမှုတွေကိုလှေကားထစ်တစ်ခုလို အသုံးချရင်း ကိုယ့် ရည်မှန်းချက်ကိုဖြစ်မြောက်အောင်အကောင်အထည်ဖော်ရမှာပဲဖြစ်ပါတယ်။ ..................ဒီသီချင်းဟာ ဆယ်ကျော်သက် အိမ်မက်တွေနဲ့ရှင်သန်နေတဲ့ကျွန်မတို့လို လူငယ်တွေအဖို့စိတ်ဓာတ်ခွန်အားတက်ကြွဖွယ်ဖြစ်လို့ နားထောင်ကြည့်စေချင်ပါတယ်။"