Unicode အပိုင်း(၂၅)🚨🚨🚨

3.5K 65 8
                                        

အပိုင်း (၂၅)🚨🚨

(18+အနည်းငယ်ပါသည်)

၂ နှစ်ခန့် ကြာသောအခါ........

အမေထည့်ပေးလိုက်တဲ့ကြက်ပေါင်းရည်နဲ့
ဈေးထဲမှ အာဟာရ ရှိမယ့်မုန့်တစ်ချို့ကိုယ်ဝယ်ပြီး မေ ဆေးရုံးသို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ ပုံမှန်ချိန်တွေမှာဆို အိမ်ထဲကအိမ်အပြင်တောင်သိပ်ပြီးထွက်လေ့မရှိတဲ့မေသည်ဆေးရုံသို့တစ်ယောက်ထဲထွက်လာခဲ့ရတာကြောင့် စိတ်ထဲမွန်းကြပ်နေသည်။
ဆေးရုံကိုယ်မေကြောက်သည်။လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက နောက်ထပ်ဘယ်တော့မှဆေးရုံကိုယ်မေ မလာတော့ဘူးလို့ဆုံဖြတ်ခဲ့သည်။ ဆေးရုံမှာလူနာစောင့်ဖို့အကြောင်းပေါ်လာတိုင်း မေ ရှောင်နေမိသည်။ ဒီတစ်ခါဘယ်လိုမှရှောင်မရတော့တာကြောင့်လာခဲ့ရခြင်းဖြစ်သည်။

"ဟင်......မေကဆေးရုံလာတယ်ပေါ့လေး"

ဝမ်းသာအားရစွာမေ့ကိုယ်တွေ့နဲ့မေ့ရဲ့မမက
တအံ့တဪပြောသည်။ မေကပြုံးယုံသာပြုံးပြပြီး မမရဲ့ခုတင်ရှိရာသွားသို့ဆက်လျှောက်သွားသည်။ အနှီးဖြူဖြူဖြင့်ထုပ်ထားတဲ့မမဘေးမှ ကလေးငယ်ကိုယ်ကြည့်ပြီးမေ ပေတိဖြစ်နေသည်။

"မေတူမလေးက မေလိုအချောလေးဘဲ"

"အမယ်လေးဟယ် ခုမှမွေးစလေးရှိသေးတာဘယ်နားကချောနေပြန်ပြီးလဲ"

"မမ ကြည့်ပါ ဒေါ်ငယ်တူမလေးက ကြီးလာရင်ဒေါ်ငယ်လိုချောမယ်မလား "

ကလေးငယ်ရဲ့ ပါးလေးကိုယ်မေ မထိမထိနမ်းလိုက်သည်။

"မေခုလိုဆေးရုံလာတာမမအရမ်းဝမ်းသာတာဘဲ ငါ့ညီမလေးကိုခုလိုပုံစံမျိုးနဲ့ပြန်မတွေ့ရတော့ဘူးတောင်ထင်နေတာ"

"မေ ကြာကြာတော့မနေဘူးနော်မမ ခဏနေပြန်တော့မလို့"

"အေးပါကွယ် ဒီထိလာတယ်ဆိုဘဲရပါပြီး"

"ဒီမှာအမေထည့်ပေးလိုက်တာ မမအားရှိအောင်တဲ့ဒါကမေ လမ်းမှာဝယ်လာလိုက်တာ"

"အင်းပါ"

အရယ်အပြုံးမရှိသလို ထိုင်းမှအိမ်သို့ပြန်ရောက်ပြီးထဲကအကြောင်းကိစ္စမရှိဘဲအိမ်ထဲမှအိမ်ပြင်သို့မထွက် တစ်နေ့တစ်နေ့ အိမ်အခန်းထဲမှာသာနေလေ့ရှိတဲ့ညီမဖြစ်သူကိုယ်
ပြုံးပြုံးရွှင်ရွှင်နဲ့ဆေးရုံကိုလိုက်လာတာမြင်ရလို့ မေရဲ့မမကအတိုင်းမသိကျေနပ်နေသည်။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now