သုံးနှစ်ခန့်ကြာသောအခါ....
အဖြူရောင်နှင်းဆီပန်းစည်းနှစ်စည်းကိုယ်ပွေ့ဖက်ပြီအုတ်ဂူရှိရာ ဖူးသစ်လျှောက်လာခဲ့သည်။
အဖြူရောင်အုတ်ဂူသေးသေးနှစ်လုံးက လိုက်ဖက်စွာဆုပြည့်အားပြုံးပြနှုတ်ဆက်နေကြသည်။
ကွယ်လွန်သူ မောင်ရဲရင့် တစ်ဖက်တွင် ကွယ်လွန်သူ မဆုပြည့်စုံ တဲ့
မင်္ဂလာဆောင်အခမ်းနားတစ်ခုမှာလက်ချင်းတွဲပြီ မင်္ဂလာပွဲဆင်နွှဲရမယ့်လူသားနှစ်ဦးကို သေခြင်းတရားက ခွဲခွာသွားတယ်။ ဘ၀သစ်တစ်ခုမှာ ပြန်ဆုံးစီးပြီ ပေါင်းဖက်ရပါစေလို့
ဖူးသစ်ဆုတောင်းပေးပါတယ်။ကိုရဲရင့် မဆုံးခင်ကအဖြစ်ပျက်
များကို ဖူးသစ်သတိရမိသည်။"အစ်ကို ဘယ်လိုရပ်တည်ရမလဲဖူးသစ်ရယ်ဘယ်လိုမှကြိုးစားမရဘူး ၊နေရာတိုင်းမှာပြည့်လေးရဲ့ပုံရိပ်တွေကြီးဘဲ"
"အစ်ကိုရယ်တရားနဲ့ဖြေမှပေါ့ အခုလိုဖြစ်နေတာပြည့်သိရင်လည်း၀မ်းနည်းနေရှာမှာ"
"ဟာ ကွာ ဒါတွေအားလုံးက အစ်ကိုကြောင့်ပါ အစ်ကိုကြောင့်ဖြစ်ရတာပါကွာ ချစ်သူရှိရဲ့သားနဲ့ပြည့်ကအမြဲအထီးကျန်နေခဲ့ရတယ် အစ်ကိုဖြစ်ချင်တဲ့အရာတွေကြောင့် ပြည့်က သူ့ဆန္ဒတွေကိုမြိုသိမ့်ပြီနေခဲ့တာ ပြည့်ဘယ်လောက်တောင်နာကျင်နေလိုက်မလဲ"
"အစ်ကိုကြိုးစားနေတာတွေကလည်းပြည့်အတွက်ဘဲမဟုတ်လား ပြည့်ကနားလည်မှာပါ"
"ခုအဲ့ဒါတွေကိုဘယ်မှာသွားသုံးရမှာလဲ အစ်ကိုရဲ့ကြိုးစားမှုတွေက ဘာအဓိပ္ပာယ်မှမရှိတော့ဘူး အစ်ကိုအသက်ရှင်နေရတာလည်းဘာမှမထူးတော့ပါဘူးကွာ"
"အဲ့လိုတော့မပြောပါနဲ့အစ်ကိုရယ် အစ်ကိုစိတ်ကိုထိန်းဦးမှပေါ့"
အမြဲလိုလိုမူးနေတက်တဲ့ ကိုရဲရင့်တစ်ယောက် မမိုးဇင်သူရဲ့ မင်္ဂလာပွဲသွားပြီအပြန်မှာဘဲ သစ်ပင်ကိုကားနဲ့၀င်တိုက်မိပြီ ပွဲချင်ပြီးဆုံးသွားခဲ့တယ်။
မတော်မဆဖြစ်ခဲ့တာလား တမင်၀င်တိုက်ခဲ့တာလားဆိုတာတော့ ကိုရဲရင့်သာအသိဆုံးဖြစ်ပါလိမ့်မည်။ ဘယ်ချိန်မှာခွဲခွာရမလဲမသိတာကြောင့် ချစ်ရတဲ့သူတွေကိုအနားမှာရှိတုန်းလေး ဂရုစိုက်ဖို့ တန်ဖိုးထားပေးဖို့
ကိုရဲရင့်ကအသက်ရင်းပြီ သင်ပြသွားပါတယ်။ ဆုပြည်နဲ့ကိုရဲရင့် ဘ၀ဆက်တိုင်းအခုလိုအဖြစ်ဆိုးတွေနဲ့မကြုံရပါစေနဲ့လို့ ဖူးသစ်အမြဲဆုတောင်းပေးနေပါတယ်။

YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
عاطفية#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...