Unicode အပိုင်း(၅)

1.1K 67 0
                                        

အပိုင်း (၅)

"မိုးဇင်သဝန်တိုနေတာလား"

"မဟုတ်ပါဘူး"

"မေကအဲ့လိုသဘောထားသေးသိမ်တာမကြိုက်ဘူး"

"ဟုတ်ကဲ့ပါ မိုးဇင်မှာလဲ သဝန်တိုခွင့်မရှိဘူးဆိုတာလဲသိပါတယ်"

"မိုးဇင် မေကအဲ့ဒီသဘောမျိုးပြောတာမဟုတ်ဘူး"

"မမေ မသိပါဘူး မိုးဇင်ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာ"

"မေ သိတယ် သိလို့လဲခုလိုတွေပြောနေရတာပေါ့"

"မမေက ဘာသိတာလဲ "

"မိုးဇင်ရင်ထဲမှာဖြစ်နေတာတွေလေး မေကရောဘာမှမဖြစ်ဘူးလို့ထင်နေတာလား"

"မမေကဘာဖြစ်နေလို့လဲ"

"တော်ပြီး မိုးဇင် မေ ရန်မဖြစ်ချင်ဘူး"

မမေရယ် မိုးဇင်ချစ်နေမိပြီးဆိုတာကိုသိနေတာလား ပြီးတော့ မမေရောမိုးဇင်ကိုယ်ချစ်မိနေတာလား ဘယ်လိုနားလည်ရမှာလဲ မမေရဲ့စကားတွေကဘယ်အထိရောက်နေပြီးလဲသတိထားမိရဲ့လား။

ထိုနေ့ညကောင်မလေးနှစ်ယောက်လုံးအိပ်မပျော်ခဲ့ကြပါ။

ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တခြားစီးလွဲခဲ့တဲ့နေ့လေးတစ်နေ့ပါ အလိုမကျမှုတွေနဲ့ပြီးဆုံးသွားခဲ့တယ် ။ မိုးဇင်သူ ကိုယ့်ကိုကို အပြစ်တင်ရင်း မေနှိုင်းခ ကိုယ်တောင်းပန်နေသည်။

.............

အရင်လိုမဟုတ်တော့တဲ့ မေနဲ့ မိုးဇင်သူတို့ဆက်ဆံရေးကတဖြေးဖြေးအေးစက်လာခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက်စာတွေပို့နေပေမယ့် ပြောစရာစကားလုံးတွေပျောက်ရှနေခဲ့သည်။ ဒီနေ့တော့ သူငယ်ချင်းတွေစုပြီး group ဖွင့်ထားတဲ့ထဲမှာ မေ နဲ့မိုးဇင်သူပါ ရောက်ရှိနေခဲ့သည်။

"သားကစင်ကနယ်နော် ကြိုက်လို့ရတယ်"

"မေကလေဆာပါ"

"အဲ့ဒီလေဆာကိုမိုးဇင်ယူမယ်"

"ဟယ် ...ဈေးဗန်းခင်းတာ ဟိုကလေးနော် မေ မဟုတ်ဘူး"

"မိုးဇင်က အဲ့ဒီဈေးဗန်းမခင်းတဲ့သူကိုဘဲကြွေတာ"

"ဒါဆို မိုးဇင်သားလေး မေ့ကိုယ် မားချွေးမတော်လိုက်မယ်နော်"

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now