မိုးတိတ်သွားပြီးဆိုပေမယ့် သစ်ရွက်လေးတွေပေါ်တွဲခိုနေစဲ ဖြစ်တဲ့ မိုးစက်လေးတွေကိုယ် ကြည့်ရင်းမိုးဇင်အရမ်းသဘောကျနေသည်။
မနက်အိပ်ယာနိုးနိုးချင်းစီးကြိုနေတဲ့ သဘာဝကိုကြည့်တာက လူကိုယ်လန်းဆန်းလာစေတယ် မိုးဇင်အိပ်ယာနိုးတာနဲ့ ပြတင်းပေါက်အပြင်ဘက်ကသစ်ပင်လေးတွေရယ်ကောင်းကင်ကြီးရယ်ငှက်ကလေးတွေရယ်ကိုယ်ပြုံးပြနှုတ်ဆက်လေ့ရှိတယ်။
........
"ယောက်ဖ မိုးဇင်အကူညီတောင်းထားတာလေးလုပ်ပြီးပြီးလား"
"ဒီညနေရမယ်ယောက်ဖ"
"မမေသိသွားပြီးလား မပေးသိနဲ့နော်ယောက်ဖ"
"အင်း မေ မသိသေးဘူး"
"ဟုတ် ကျေးဇူးယောက်ဖ"
"ယောက်ဖလာမယ်မဟုတ်လားမနက်ဖြန်ကြရင်"
"ဟုတ် လာခဲ့မယ် "
"အကိုပြောတဲ့လိပ်စာမှတ်မိတယ်ဟုတ်လား"
"ဟုတ် မှတ်မိပါတယ်"
"အင်း ရောက်ရင်ဖုန်းဆက်လိုက်အကိုထွက်လာခဲ့မယ်"
"ဟုတ်"
ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဒီနေ့တစ်နေတာကျော်ဖြတ်ရပါဦးမယ် ။ ကြည်နူးချင်းအပြည့်နဲ့ မိုးဇင်သူနဲ့အပြုံးတွေက တည်မြဲပါ့မလားဆိုတာတော့သူတွေးဖို့ပင်အချိန်မရခဲ့ပါ။
........
"မမေ မိုးစက်ရှင့်ကိုယ်တောင်းပန်စရာရှိတယ်"
"ဟင်..ဘာကိုတောင်းပန်မှာလဲ"
"အရင်ကပြောထားတယ် မမေ မွေးနေ့မှာသီချင်းဆိုပြမယ်လို့ ဂီတာတီးပေးမယ့်သူမရှိတော့ မိုးဇင်မဆိုရဘူးမမေ"
"ရပါတယ်"
"ညကြ 12 နာရီဖုန်းခေါ်ပေးမယ်လေး"
"အဲ့ဒီချိန်ကြီးဘာလုပ်မလို့လဲ"
"မမေကလည်း happy birthday လို့ပြောမလို့ပေါ့"
"မနက်မှပြောလည်းရပါတယ်မိုးဇင်ရယ် "
"မိုးဇင်ကအဲ့ဒီချိန်ဘဲခေါ်ချင်တာလေး"
"မေ ကနိုးပြီးရင်ပြန်အိပ်မပျော်လိုဘူး အလုပ်လည်းသွားရဦးမှာလေး အဲ့ဒါကြောင့်ပါ"
![](https://img.wattpad.com/cover/215217976-288-k80479.jpg)
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...