အပိုင်း(၉)
"မိုးဇင်"
"ရှင်"
"ဘာကြောင်ကြည့်နေတာလဲ"
"အဟင့်....ဟို ... ဘာမှမဟုတ်ပါဘူး"
မိုးဇင်သူရှက်ကိုးရှက်ကန်ဖြင့် ဘေးနားရှိသစ်ရွက်လေးတွေသာဆွဲဖျက်နေပြန်သည်။
" အခန်းသွားမယ်လေး မမေ"
"မေကခေါ်မှခေါ်ပါ့တော့မလားလို့"
"အဟင့်"
"စောင့်နေတာကြာပြီးမလား"
"သိပ်မကြာသေးပါဘူး"
....................
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရှက်ကိုးရှက်ကန်ဖြစ်နေကာ အတက်နိုင်ဆုံးခပ်တည်တည်နေပြီး မေနဲ့စကားပြောပါမယ်ဆိုတဲ့မိုးဇင်သူမှာ သင်းခွေချပ်ကြီးလိုမျက်နှာဘဲလိုက်လွဲနေသည်။"ဟို....မမေ spyသောက်မယ်ဆို"
"အင်း သောက်မယ် မေ ဝယ်လာခဲ့တယ်"
အိပ်ထဲကနေ spy လေးပုလင်းထုပ်ပြီး ခပ်တည်တည်နေနေတဲ့မေ့ကိုယ်ကြည့်ပြီးမိုးဇင်ဆွဲနမ်းပြစ်ချင်စိတ်တွေပေါက်လာသည်။
"မိုးဇင်လည်း ငါးပုလင်းဝယ်ထားတယ်"
"ကောင်းတာပေါ့ အဲ့ဒါဆိုအကုန်သောက်မယ်"
"ရှင်"
မိုးဇင်သူကြောင်ကြောင်ဖြစ်သွားသည်။တကယ်ဆိုမိုးဇင်သူက spy တစ်လုံးထဲနဲ့မူးနေသူလေး ခု"9"လုံးကိုယ်နှစ်ယောက်ဘယ်လိုသောက်မလဲစဉ်းစားတုန်းရှိသေးအကုန်သောက်မယ်ဆိုတဲ့မေ့ကိုယ်လန့်သွားရသည်။
"သောက်ဖို့ဆိုအမြည်းကညဈေးမှာသွားဝယ်ရအောင်လေး မိုးစက်က ဟင်းဘဲချက်ထားတာ မြည်းလို့မကောင်းဘူး"
"ဝေးလား"
"သိပ်မဝေးဘူးမမေ ဒီနားလေးတင်"
"ဘာနေ့သွားမလို့လဲ"
"လမ်းလျှောက် သွားမယ်လေး မမေပါလိုက်ခဲ့"
"အင်းပါ"
မေကအပြင်သွားလေ့ရှိသူမဟုတ်မှန်းသိပေမယ့် ကြိုဝယ်ထားလို့ရတာကိုယ် မေနဲ့အတူသွားချင်လို့ အကြံဆိုးကြီးနဲ့မိုးဇင်တမင်စီစဉ်ထားခြင်းသာ။
![](https://img.wattpad.com/cover/215217976-288-k80479.jpg)
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...