အပိုင်း (၅)
"မိုးဇင်သဝန်တိုနေတာလား"
"မဟုတ်ပါဘူး"
"မေကအဲ့လိုသဘောထားသေးသိမ်တာမကြိုက်ဘူး"
"ဟုတ်ကဲ့ပါ မိုးဇင်မှာလဲ သဝန်တိုခွင့်မရှိဘူးဆိုတာလဲသိပါတယ်"
"မိုးဇင် မေကအဲ့ဒီသဘောမျိုးပြောတာမဟုတ်ဘူး"
"မမေ မသိပါဘူး မိုးဇင်ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာ"
"မေ သိတယ် သိလို့လဲခုလိုတွေပြောနေရတာပေါ့"
"မမေက ဘာသိတာလဲ "
"မိုးဇင်ရင်ထဲမှာဖြစ်နေတာတွေလေး မေကရောဘာမှမဖြစ်ဘူးလို့ထင်နေတာလား"
"မမေကဘာဖြစ်နေလို့လဲ"
"တော်ပြီး မိုးဇင် မေ ရန်မဖြစ်ချင်ဘူး"
မမေရယ် မိုးဇင်ချစ်နေမိပြီးဆိုတာကိုသိနေတာလား ပြီးတော့ မမေရောမိုးဇင်ကိုယ်ချစ်မိနေတာလား ဘယ်လိုနားလည်ရမှာလဲ မမေရဲ့စကားတွေကဘယ်အထိရောက်နေပြီးလဲသတိထားမိရဲ့လား။
ထိုနေ့ညကောင်မလေးနှစ်ယောက်လုံးအိပ်မပျော်ခဲ့ကြပါ။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တခြားစီးလွဲခဲ့တဲ့နေ့လေးတစ်နေ့ပါ အလိုမကျမှုတွေနဲ့ပြီးဆုံးသွားခဲ့တယ် ။ မိုးဇင်သူ ကိုယ့်ကိုကို အပြစ်တင်ရင်း မေနှိုင်းခ ကိုယ်တောင်းပန်နေသည်။
.............
အရင်လိုမဟုတ်တော့တဲ့ မေနဲ့ မိုးဇင်သူတို့ဆက်ဆံရေးကတဖြေးဖြေးအေးစက်လာခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက်စာတွေပို့နေပေမယ့် ပြောစရာစကားလုံးတွေပျောက်ရှနေခဲ့သည်။ ဒီနေ့တော့ သူငယ်ချင်းတွေစုပြီး group ဖွင့်ထားတဲ့ထဲမှာ မေ နဲ့မိုးဇင်သူပါ ရောက်ရှိနေခဲ့သည်။
"သားကစင်ကနယ်နော် ကြိုက်လို့ရတယ်"
"မေကလေဆာပါ"

YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Lãng mạn#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...