အပိုင်း(၁၃)
နေ့တိုင်းကိုယ်စနေနေ့ဖြစ်စေချင်နေတဲ့မိုးဇင်သူရဲ့စိတ်တွေကြောင့် မှတ်ဉာဏ်နေတွေပါတဖြေးဖြေးထိခိုက်စေလာခဲ့သည်။ အချိန် ရက်စွဲတွေမိုးဇင်သူသတိမရတော့ အကြိမ်ကြိမ်ပြန်ကြည့်နေ ပြန်မေးနေရသည့်အပြင် အခြားလုပ်နေကြအလုပ်တွေပါပေါ့လျော့လာခဲ့သည်။
"မိုးဇင်သူ နင် ဒီမှာဘာရပ်နေတာလဲ"
"ငါဘာလုပ်မလို့လဲမသိပါဘူး လုပ်စရာတစ်ခုခုရှိနေသလိုဘဲ"
" ဖြစ်ရမယ် နင်တော့လေး သိပ်အတွေးမများနဲ့ရူးသွားမယ်"
"အကောင်းကြီးရှိပါသေးတယ်ဟယ်မရူးနိုင်သေးဘူး"
ခပ်ပြုံးပြုံးနဲ့သာပြန်ပြောလိုက်ပေမယ့် မိုးဇင်သူစိတ်ထဲတွင် အရင်နဲ့မတူဘဲ မေ့တက်လွန်းလာတဲ့ သူမရဲ့စိတ်ကိုကောင်းကောင်းကြီးသတိထားမိနေခဲ့သည်။ အတွေးတွေနဲ့သာတည်ဆောက်ထားတဲ့ သူမရဲ့အချစ်စံအိမ်လေးထဲမှာ မြတ်နိုးရတဲ့သူနဲ့အတူတူ
ဆုံစည်း နေရခြင်းထက်ပိုပြီးဘယ်အရာကိုယ်မှ သူမအရေးမပေးချင်တော့ပါ။ လက်တွေ့မဟုတ်ဘူးဆိုတာသိပေမယ့် ချိုမြိန်လွန်းနေခဲ့တော့ ရုန်းထွက်ခြင်းစိတ်သူမစီမှာရှိမနေခဲ့ပါ။..
တခြားအရာတွေသာမေ့ချင်မေ့မယ် မေနဲ့ပတ်သတ်သမျှကိုတော့ မိုးဇင် မှတ်မိနေတက်သည်။ မူမမှန်တဲ့မေရဲ့အပြုမူ မေရဲ့အသံ ၊ မေရဲ့ စာကြောင်းလေးတွေကအစအသေးစိတ်သတိထားသည်ကတော့အရင်ပါဘဲ ပြောင်းလဲမသွားခဲ့ပါ။ ခုလည်း မေ ပြောင်းလဲနေသည်။ ဘာတွေထပ်ပြီးဖြစ်လာမလဲမိုးဇင်မတွေးရဲဘူး။ စိတ်ထဲမှာ ကြိတ်ပြီးသိမ်းဆည်းထားတာ 1 ပတ်ကျော်လာခဲ့ပြီးဖြစ်သည်။ မေ ဘက်ကလည်းစမပြောလာခဲ့သလို မိုးဇင်လည်းမမေးရဲခဲ့ပါ။
"သူ့...exနဲ့များပြန်အဆက်သွယ်ရနေပြန်ပြီးလား...အိုး...မဖြစ်နိုင်တာ...မဟုတ်သေးဘူး မမေရဲ့exသာပြန်ဆက်သွယ်လာမယ်ဆို မမေကပြန်လက်ခံမှာလား အဲ့လိုဆို မိုးဇင်ကရော..ဘာဆက်လုပ်ရမလဲ.. ..ဟူး...စိတ်ရှုပ်လိုက်တာ.."
မိုးဇင် စိတ်ထဲမတင်မကျနဲ့ဘယ်လိုမှမနေနိုင်တဲ့အဆုံး တစ်ခုခုကိုယ်သတိရသွားဟန်ရှိပြီး သူမခပ်ဖွဖွပြုံးသည်။

YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...