အပိုင်း(၃၄)

272 5 0
                                    

အတိတ်တွေက ပျော်ခဲ့သည်ဖြစ်စေ
နာကျင်ခဲ့ရသည်ဖြစ်စေ အခုချိန်မှာတော့သင်ခန်းစာယူရန်ကလွဲလို့ ဘာမှပြင်ဆင်မရ‌နိုင်တော့ပါ။ နောင်တ
ရတာတွေ မလုပ်သင့်တာလုပ်ခဲ့မိလေခြင်းဆိုတဲ့ ခံစားမှုတွေနဲ့ မိုးဇင်အတိတ်ရဲ့အရိပ်ဆိုးကြီးလွှမ်းမိုးမှုကိုယ်လည်း မခံချင်‌တော့ပါဘူး။ မိုးဇင်တို့ရှင်သန်နေကြတဲ့ ကာလအတွင်းမှာ ဖြစ်မယ်ပြတ်မယ် ဘယ်အရာမှမမြဲတာကြောင့် ဘယ်အရာကိုယ်မှလည်းအဆိုးမြင်တဲ့စိတ် မကောင်းမြင်တဲ့စိတ်နဲ့ မကြည့်ချင်တော့ပါဘူး။ လူတွေရဲ့ ဝေဖန်မှု ကဲ့ရဲ့မှုဆိုတာလည်း
ကိုယ်မှားနေရင်ပြင်ဖို့ ကိုယ်မှန်နေတဲ့ခါဆိုလည်းပိုကောင်းစေချင်လို့ ဘယ်လိုမှအကောင်းမြင်ပေးမရတဲ့အခါ ဥပေက္ခာပြုလိုက်တာကအေးချမ်းပါတယ်။ အချစ် ဆိုတာကရော ဘယ်လိုမျိုးလဲ။ အချစ်ဆိုတာကချစ်နေယုံမျှနဲ့ဘ၀တစ်ခုတည်ဆောက်မရဘူး။ အပြန်လှန်နားလည်မှု ယုံကြည်မှုနဲ့ လေးစားမှုတွေလည်းလိုအပ်တယ်လို့ မိုးဇင် ထင်ပါတယ်။ မိုးဇင် အသက်ရှင်နေသရွေ့ ကိုယ့်ကိုချစ်တဲ့သူတွေကိုယ်ကချစ်နေရတဲ့သူတွေအားလုံးကိုနွေးထွေးကြင်နာပေးချင်တယ်။

အတွေးတွေကကြည်လင်ပြီ မိုးဇင်သူမျက်နှာလေးကပြုံးရွှင်နေသည်။

ဒီနေ့ မမေကမိုးဇင်စီအလည်လာမည်။ မိုးဇင်အတိတ်တွေကိုယ်ပြန်သတိရပြီ ဆိုတဲ့အကြောင်း မမေကိုယ် သိစေချင်လှပြီ။ မမေ ဘယ်လိုတုန့်ပြန်မှာလဲ ‌မမေ အရင်လို မိုးဇင်အချစ်ကိုယ်ငြင်းဆန်နေဦးမှာလား။  မမေကိုယ် မမုန်းခဲ့တာတွေ စိတ်မနာခဲ့တာတွေတော့ မမေကိုယ်သိစေချင်သည်။ နားလည်ရခက်တဲ့ မမေမျက်ဝန်းထဲကစကားတွေကိုယ် မိုးဇင် ‌သိချင်ပါသည်။

"မမေ မိုးဇင်ကိုယ် တကယ်မချစ်ခဲ့တာလား"

ဒီမေးခွန်းကိုယ်မေးဖို့မိုးဇင်သတ္တိမွေးနေသည်။ မိုးဇင်ရင်ထဲမှာ မေ ဆိုတဲ့နာမည်လေးတစ်ခုက ခုထိတိုင်းအမှတ်ရနေစဲ လွမ်းမိနေစဲ တမ်းတမိနေစဲပါ။ အရာအားလုံးမမှတ်မိတော့တဲ့အချိန်အတွင်းမှာတောင် မေ ဆိုသောပုံရိပ်တွေက မိုးဇင်ကိုယ်လွှမ်းမိုးထားခဲ့တယ်။ မိုးဇင် နားလည်ခွင့်လွှတ်ပြီ ချစ်ပေးနိုင်ပါတယ်။ ‌မမေသာ မိုးဇင်အနားမှာ ရှိနေပေးမယ်ဆို မိုးဇင်တွက် အရာအားလုံးပြည့်စုံနေမှာ။ ဒါပေမယ့် မမေက မိုးဇင်ကိုယ်မချစ်ခဲ့ပါဘူးဆိုရင်ရော ။ ဒါကလည်းအကြောင်းမဟုတ်ပါဘူး မမေ ကမချစ်ခဲ့ဘူးဆိုရင်တောင် မမေနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ အမှတ်တရတွေ ရှိနေသေးတာကြောင့် မိုးဇင်ကျေနပ်နေမှာပါ။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now