"ဖြောင်း......"
ဆုပြည့်ရဲ့ရိုက်ချက်ကြောင့် ရဲရင့် ပါးလေးမှာထူးပူပြီးနီရဲသွားသည်။
"ပြည့်လေး ကိုတောင်းပန်ပါတယ် "
"မကြားချင်ဘူး.....ဒုန်း"
ဆုပြည့်သည် ပွသယောင်ယောင်ရှိနေတဲ့ဆံပင်နဲ့ဖရိုဖရဲဖြစ်နေသောပုံစံနဲ့ပင် အခန်းတံခါးဆောက်ပိတ်ပြီးအိမ်ပေါ်မှပြေးဆင်းလာသည်။ အေးစက်နေသောလက်လေးများမှာတုန်ရီနေလျက်ရှိသည်။ ဆုပြည့်နောက်ကိုယ် ရဲရင့်ကလည်း အမှီပြေးလိုက်သည်။
"ပြည့်လေး ...ပြည့်" ဆုပြည့်အိမ်ထဲမှအထွက်တွင် ရဲရင့်ကလိုက်မှီသွားတာကြောင့် ဆုပြည့်လက်ကိုယ်လှမ်းဆွဲထားသည်။
"အိမ်ပြန်ပို့ပေးပါ" တစ်ခွန်းထဲသာပြောပြီး ဖြူဖျော့နေတဲ့နှုတ်ခမ်းလေးမှာ တစ်စစ်စစ်နဲ့တုန်နေသည်။ ရဲရင့်ကိုင်ထားတဲ့လက်လေးမှာလည်းအေးစက်နေသည်။
မိမိရဲ့ခဏတာစိတ်လွှတ်မှုကြောင့် ထိန့်လန့်ပြီးကြောက်သွားတဲ့ ချစ်သူကိုယ်ကြည့်ပြီး ရဲရင့်ကိုယ့်ကိုကိုယ်သာအပြစ်တင်နေမိသည်။
"ကိုယ်အခုပြန်ပို့ပေးမယ်နော်"
ကားသာမောင်းနေရပေမယ့် ငြိမ်သတ်တိတ်ဆိတ်စွာလိုက်ပါလာတဲ့ဆုပြည့်ကိုယ်ကားမှန်ကနေ ခဏခဏကြည့်နေမိသည်။ နီရဲနေသောမျက်၀န်လေးမှာမျက်ရည်စလေးများနှင့် ဒီမြင်ကွင်းကိုယ်မြင်လိုက်ရတဲ့အခါအချိန်တွေအများကြီးရှိနေသေးတာကိုယ်စိတ်လောပြီးကျူးလွန်မိတဲ့သူ့အပြစ်တွက်လည်းရှက်ရွံ့နေသည်။
သူ့အပေါ်ထားတဲ့ဆုပြည့်ရဲ့ခံစားချက်တွေကိုယ်လည်းသံသယ၀င်လာသည်။
အတွေးများရှုပ်ထွေနေစဉ်၀င်လာတဲ့ဖုန်းကြောင့် ရဲရင့်အတွေးများလွင့်ပျောက်သွားသည်။
ကားမောင်းနေရင်းဖြစ်တာကြောင့်ရောဖုန်းဆက်သူမှာဆုပြည့်သူငယ်ချင်းဖြစ်တာကြောင့်ဖုန်းအသံကိုယ်ချဲ့ထားလိုက်ပြီး...
"ဟဲလို "
"ကိုရဲ ဆုပြည့်ရော"
"ခုကားပေါ်မှာဖူးသစ်"
"အိမ်ပြန်လာနေပြီးလားတစ်နေ့လုံးဖုန်းခေါ်တာမကိုင်ကြဘူး" ဖူးသစ်အသံကြားမှဆုပြည့်ကသူအိပ်ထဲဖုန်းကိုယ်လိုက်ရှာကြည့်ပြီး...
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...
