အပိုင်း (၂၃)
ထိုအလောင်းရှိရာအခန်းဝသို့အရောက်မှာ နောက်ကနေယွန်း ခေါ်သံကြောင့်မေတို့မဝင်သေးဘဲရပ်စောင့်လိုက်သည်။ မအင်ကြင်ကရှေ့က မေရယ်ယွန်းရယ်က နောက်က အကိုကတော့ မေ့ရဲ့ဘေးကအတူလိုက်ဝင်လာသည်။ အေးစိမ့်စိမ့်ထိုအခန်းထဲတွင်ဆရာဝန်တစ်ယောက်နှင့်ပလိတ်နှစ်ယောက်သာရှိသည်။ လဲလျောင်းနေသည့်အသက်မဲ့ခန္တာကိုယ်လေးတစ်ခုကိုယ်အဝေးကနေကြည့်ရင်းသူမဟုတ်ပါစေနဲ့လို့ မေ အကြိမ်ကြိမ်ဆုတောင်းနေမိသည်။ အနီးနားသို့မရောက်ခင်မှာဘဲ မေ မြင်လိုက်ရတဲ့သူ့ရဲ့လက်လေးကြောင့် မေ ခြေလှမ်းတွေရပ်တန့်သွားသည်။ သေချာအောင်အနားတိုးကြည့်သောအခါ မေ ခန္တာကိုယ်လေး ရုတ်တရက် ယိုင်နဲ့သွားသည်။ ဘေးကအကိုကမေပခုံးလေးကိုင်ကာထိန်းပေးထားသည်။ မျက်နှာတစ်ခုလုံးဝမမှတ်မိနိုင်အောင်ပျက်စီးသွားခဲ့သလိုကြိုးကြေပြီးတိုးထွက်နေတဲ့ ခြေသလုံးရိုးတွေသွေးတွေခြောက်ကပ်ပြီးညိုမဲပုတ်ပွနေတဲ့ ထိုရုပ်အလောင်သည် မိုးဇင်သူဖြစ်နိုင်မည်မဟုတ် မေ လုံးဝမယုံကြည်နိုင်ခဲ့ပါ။
သို့သော် ထိုအလောင်ကအမျိုးသမီးသည် မေနဲ့သူ စတွေ့တုန်းကဝတ်ခဲ့တဲ့အင်္ကျီလေးကိုယ်ဝတ်ထားသည်။ သူသိပ်ကြိုက်လို့အမြဲဝတ်နေခဲ့တဲ့ ခြင်္သေ့ခေါင်းပုံစံလက်စွပ်လေးသူ့လက်မမှာရှိနေသည်။လက်ကောက်ဝတ်တွင်ရှိနေသောအနက်ရောင်လက်ပတ်လေးသည် မေတို့နောက်ဆုံးတစ်ခေါက်တွေ့တုန်းက သူ့ဝတ်လာခဲ့တဲ့လက်ပတ်လေးဆိုတာလုံးဝအထင်မှားစရာအကြောင်းမရှိ မေ ရုန်းလို့ ပြုတ်ထွက်သွားတဲ့အရိုးခေါင်းနေရာလေးတွင် သူဘာမှပြန်တပ်ဆင်ထားခြင်းမရှိဘဲ ဝတ်ထားခြင်းဖြစ်သည်။
"ဖြစ်မှဖြစ်ရတယ်ညီမလေးရယ်"
မအင်ကြင်အသံနဲ့တူဘေးမှယွန်းရဲ့ငိုသံတွေမေနားထဲကြားနေပေမယ့် မေကတော့ငြိမ်သတ်နေစဲပါ။
"မိုးဇင်ရဲ့ ညာဘက်လက်ဖဝါးမှာမဲ့ရှိတယ်"
ငိုသံတွေကြာထဲမှရုတ်တရက်တိုးထွက်လာခဲ့သော မေ အသံကြောင့် အားလုံးအကြည့်တွေမေစီရောက်သွားသည်။ ဆရာဝန်ကိုယ်မအင်ကြင်ကထိုင်းလိုပြန်ပြောတဲ့အခါ ဆရာဝန်မှ ထိုအလောင်၏လက်ဖဝါကိုယ် အသာယာယူပြီးလှန်ကြည့်လိုက်သည်။ သို့သော် လက်ဖနှောင့်တွင်ကားမှန်စများထိုးစိုက်မိ၍အသားစများပဲ့ထွက်နေသောကြောင့် မှဲ့ကရှာမရခဲ့ပါ။
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Любовные романы#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...
