အပိုင်း (၁၈)
ငါနင်နဲတွေ့မှအချစ်ဆိုတဲ့အဓိပ္ပါယ်ကိုယ်ခံစားတက်ခဲ့တာ ငါ့ကိုယ်ချစ်တက်အောင်နင်သင်ပေးခဲ့တာ နင်သိပ်ရက်စက်တယ်ဟာ ငါအမြဲအလျော့ပေးခဲ့တယ် နင်စိတ်ညစ်စေမယ့်အရာငါဘာတစ်ခုမှမလုပ်ခဲ့ဘူး
ဒါကိုတောင်ငါ့ကိုနင်ထားခဲ့တယ်နော်
ယွန်းဆက်ပြီးမဖတ်ချင်တော့ပါ စာအဆုံးကိုယ်ကြည့်လိုက်တာနဲ့ဘယ်သူ့ကိုရည်ရွယ်ထားလဲဆိုတာပါပြီးသားဖြစ်လို့သက်ပြင်းသာချလိုက်သည်။ မေ comment ထဲမှာယွန်းရဲ့ ချစ်လှစွာသော အရူးမလေးရှိနေသည်။ ဒဏ်ရာတွေနဲ့ပြိုလဲခြင်းကသန်မာခြင်းကိုယ်ဖြစ်ပေါ်စေသည်တဲ့ သူကသိပ်သန်မာနေတယ်ဆိုတော့ သူများကိုယ်သွားနှစ်သိမ့်ပေးနေရှာမှာပေါ့။ ဖြစ်ချင်ရာဖြစ်တော့ အဲ့ဒီအရူးမ ငါပြစ်ထားဦးမယ်။
ယွန်းစိတ်တွေအရမ်းလေးလံနေတာဖြစ်လို့
အခန်းပြန်ချင်တဲ့စိတ်တွေသာဖြစ်ပေါ်နေသည်။
မဟုတ်သေးပါဘူး ငါ ခဏလောက်ပြန်ကြည့်ဦးမှပါ။
အလုပ်ထဲမှာခွင့်ခဏတောင်းပြီး ယွန်း အခန်းသို့အပြေးလေး ပြန်လာခဲ့သည်။ အခန်းတံခါးဖွင့်လိုက်သည်နှင့်သွေးပျက်စရာမြင်ကွင်းတစ်ခုတွေ့လိုက်ရတဲ့အခါ ယွန်း အံ့ဪထိတ်လန့်သွားရသည်။ ပျံ့ကျဲနေတဲ့ပုလင်းကွဲစတွေ သွေးစက်တွေ နဲ့ မိုးဇင်သူ လက်ထဲကျစ်ကျစ်မြဲအောင်ဆုပ်ကိုင်ထားတဲ့ ချွန်းထပ်နေတဲ့ပုလင်းကွဲကိုယ်ကြည့်ပြီး ယွန်း ဒူးတောင်မခိုင်ချင်တော့ပါ။ ဒေါသသံနဲ့ ကြောက်ရွံ့နေသောအသံပါရောလျက် မိုးဇင်သူကိုမာန်အပြည့်ဖြင့်ခေါ်လိုက်သည်။
"မိုး ဇင် သူ.. နင့်လက်ထဲကဟာချလိုက်စမ်း"
ယွန်းကိုယ်တစ်ခါမှမမြင်ဖူးသောလူတစ်ယောက်လို အစိမ်းသက်သက် အကြည့်ဖြင့်ကြည့်ကာ သူ့လက်မှ ပုလင်းကွဲစကိုယ် ယွန်းဘက်သို့ဦးတည်လာခဲ့သည်။
"မိုးဇင်သူ....နင်....နင်...သတိထားပါဦး..
ငါ ယွန်းလေး နင့်သူငယ်ချင်းယွန်းလေး နင် မမှတ်မိဘူးလား"
ယွန်းဘက်ကိုယ်ဦးတည်ပြီးလှည့်ထားတဲ့ ပုလင်းကွဲစကိုယ် သူရင်ဘက်သို့ပြန်လည်းချိန်ရွယ်လိုက်ပြန်သည်။
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...
