အပိုင်း(၂၁)
မိုင်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ပြီးနောက် မေ မိုးဇင်သူရဲ့အခန်းရှေ့သို့ရောက်လာခဲ့သည်။ အဝေးကနေထဲက ကြားနေရတဲ့အရေးပေါ်ကားသံက မိုးဇင်သူအခန်းရှေ့မှဖြစ်သည်။ ပလိတ်တွေ မိုးဇင်သူရဲ့ အမကိုယ် စစ်ဆေးနေသည်။ ပလိတ်နဲ့ ဘေးအခန်းမှတစ်ခြားသူတွေကြာထဲ မေ ပထမဆုံးအဒေါ်ကိုယ်ရှာဖြစ်သည်။
"အဒေါ်မတွေ့သေးဘူးလား"
"မတွေ့သေးဘူး ခုဘဲ ပလိပ်တွေဖုန်းဆက်လိုက်တာ"
"ဪ... သူဘေးကင်းမှာပါနော်"
မေ ရဲ့စကားကိုယ်အဒေါ်ကမျက်နှာမကောင်းသည့်ဟန်ဖြင့်သာထောက်ခံသည်။
ပလိတ်တွေနှင့် မအင်ကြင်စကားပြောပြီး မအင်ကြင်တို့လင်မယားကအရှေ့ကဦးဆောင်ကာခေါ်သွားသည်။ မေ လည်း ထို ပလိတ်တွေဆိုင်ကယ်နောက်မှ မေ ဆိုင်ကယ်ကိုယ်ဖြေးဖြေးလေးမောင်းပြီးလိုက်လာခဲ့သည်။တစ်နေရာ အရောက်တွင် ပလိတ်တွေကဆိုင်ကယ်ရပ်လိုက်ပြီးဆင်းကြည့်သည်။
"ဒီရေတွေကဘယ်ချိန်ကရှိနေတာလဲ"
(ထိုင်းဘာသာဖြင့်)"ကျွန်တော်အလုပ်ကပြန်လာထဲကပါ"
မေလည်း ဆိုင်ကယ်ရပ်လိုက်ပြီး သူတို့အနားမှာသွားရပ်ကြည့်နေလိုက်သည်။
မိုးဇင်သူရဲ့ဖုန်းကိုယ်ခေါ်ကြည့်ဖို့ ပလိတ်တွေပြောတဲ့အခါ မိုးဇင်သူအမထက်ခေါ်သည်။"ဒီနားမှာအသံကြားတယ်"
"ဟုတ်တယ် ဟို့နားလေးက"
ဒီနေရာကလူပြတ်ပြီးအိမ်တွေမရှိ လယ်ကွင်းလိုပုံစံမျိုးဖြစ်ပြီး မေ ခါးတစ်ဝက်လောက်နီးပါးရှိတဲ့မြက်ပင်တွေထူထပ်နေသည်။
"တွေ့ပြီး....တွေ့ပြီး...ဒါ..မိုးဇင်သူဖုန်း"
မအင်ကြင်အော်သံကြောင့် ပလိတ်တွေအဲ့ဒီဘက်ကိုယ်သွားကြည့်သည်။ မိုးဇင်သူရဲ့အဖြူရောင်ဖုန်းလေးတွင်မအင်ကြင်ဖုန်းချလိုက်သည်နှင့်ပထမဆုံးပေါ်လာတာက မေရဲ့ဓာတ်ပုံလေးပါ။ သူအခုထိမပြောင်းရသေးဘူးဘဲ။
ရှာဖွေးရင် တစ်ချို့မြက်ပင်လေးတွေပေါ်တွင်သွေးစက်တွေရှိနေတာကြောင့်
ပလိတ်တွေက ဒီနေရာမှာ ကားတိုက်မှုဖြစ်ထားတယ်လို့ပြောတဲ့အခါ မေ ရဲ့ရင်ဘက်ထဲစူးနစ်စွာအောင့်လာခဲ့သည်။ မိုးဇင်သူရဲ့ဖုန်းက ကားတိုက်လိုက်တဲ့အချိန် လွင့်ထွက်သွားတာဖြစ်နိုင်တယ်လို့ ပလိတ်တွေကကောက်ချက်ချသည်။ မေတို့ကိုယ်အိမ်ပြန်ကြဖို့ပြောပြီးတွေ့တာနဲ့အကြောင်းကြားပေးဖို့မအင်ကြင်ရဲ့ဖုန်းနံပါတ်ပါယူသွားသည်။

YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Lãng mạn#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...