အပိုင်း(၇)
သဲသဲမဲမဲရွာနေတဲ့မိုးတွေကြာထဲကလေးတစ်ယောက်လို ပျော်ရွှင်စွာ မိုးဇင်သူရေကစားနေသည်။ သူမရဲ့ပန်းနုရောင်နှုတ်ခမ်းသားတို့ဟာအခုချိန်မှာအညိုရောင်ဖျော့ဖျော့အရောင်သို့ပြောင်းလဲနေပြီးဖြစ်သည်။ လက်ဖျားနဲ့ခြေဖျားတို့မှာလည်းအေးစက်နေပြီးဖြစ်သည်။
"မိုးဇင်သူ ..ကလေးမဟုတ်သူငယ်မဟုတ်နဲ့
ဝင်လာခဲ့ မကစားနေနဲ့တော့"
ယွန်းရဲ့အသံကြောင့် မိုးရေထဲလိုက်ပြေးဆော့နေတဲ့မိုးဇင်သူခဏရပ်တန့်ပြီးနားထောင်ကာ သူမရဲ့မျက်လုံးမှေးမှေးလေးမှိတ်သွားသည်ထိရယ်မောလျက် လက်ယပ်ခေါ်ပြီး။
"လာလေး ယွန်း အတူကစားမယ်"
"မယ်.....ငါက ကလေးမဟုတ်တော့ဘူး
ဝင်လာခဲ့စမ်းပါမိုးဇင်သူရာ ဖျားတော့မှာဘဲ"
"ခဏလေး"
ယွန်းခေါ်လည်းမရတာမို့ လိုက်ပြေးပြီးကစားနေသောမိုးဇင်သူကို ပြုံးပြုံးလေးသာယွန်းရပ်ကြည့်နေမိသည်။
..............
"အဟွက်.....အဟွက်"
"ကောင်းတယ်...ချောင်းဆိုးနေပြီးမဟုတ်လားမိုးရေကစားချင်တာကိုး"
"အဟွက်.....နင်ကလည်းတစ်ခါတစ်လေကစားတာဘဲကိုး"
"ခေါင်းကိုယ်လည်းခြောက်အောင်မသုတ်ထားပြန်ဘူး"
"အမြင်မတော်ရင်သုတ်ပေးလိုက်လေး နင်ကလည်း အပြစ်ပြောမယ်ဆိုတာကြီးဘဲ"
"လာ...ဒီကိုယ်"
မိုးဇင်သူကိုယ်ထိုင်ခုံလေးမှာထိုင်ခိုင်းလိုက်ပြီး ယွန်းကနောက်ကနေမိုးဇင်သူရဲ့ဆံပင်တွေကိုယ်သေသေချာချာသုတ်ပေးနေသည်။
"အဟွက်....အဟွက်....အဟွက်"
"ချောင်းအရမ်းဆိုးနေပြီး နင်ဆေးရောသောက်ထားရဲ့လား"
"မသောက်ရသေးဘူးလေးဟာ ခုဘဲရေချိုးပြီးတာကိုး"
"ဘာ...."
"အမယ်လေး...ဖြေးဖြေးပြောပါဟ ငါနားကောင်းသေးတယ်"
"နင်ရေချိုးခန်းထဲဝင်သွားတာ ငါဈေးမသွားခင်ထဲကလေး ခုငါဈေးကပြန်လာမှနင်ချိုးပြီးတယ်ပေါ့"
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Любовные романы#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...
