Unicode အပိုင်း(၁၅)

619 33 0
                                        

အပိုင်း (၁၅)

ငှက်အော် သံလေးကြောင့် မိုးဇင်သူ ကပြာကယာဖုန်းကြည့်လိုက်သည်။ ဒါက သူ့အတွက်သီသန့်ထည့်ထားတဲ့စာအိပ်ဝင်သံလေး
သူက သူ့ညီမလေးရဲ့ဖုန်းနဲ့ရေးမယ်ဆိုသောကြောင့် သူ့ညီမလေး အကောင့်မှာပါ ဒီအသံလေးထည့်ထားဖြစ်သည်။

"မေ ရောက်ပြီး မိုးဇင်"

"ဟုတ်"

ပို၍ပြောချင်ခဲ့သည် သို့သော် စာရိုက်သည့်ထဲ ဟုတ် တစ်လုံးသာ မိုးဇင် ရေးဖြစ်ခဲ့သည်။

"လိမ်လိမ်မာမာနေနော် မေ စိတ်ချမယ်"

"ဟုတ်"

"ကျန်းမာရေး ဂရုစိုက် ဆေးသောက်လည်းမမေ့နဲ့"

"ဟုတ် မမေလည်းဂရုစိုက်".

"အင်း....မေ ဆင်းတော့မယ်နော်"

"ဟုတ်"

"တာ့တာ"

"ဟုတ်"

လွမ်းတယ် လို့စာရေးပြီးမှ မိုးဇင်သူ မပို့ဖြစ်ခဲ့ပါ။ အရမ်းကြီးကွာဝေးသွားသလိုတွေးနေမိတဲ့မိုးဇင်သူရဲ့အတွေးကြောင့် ရင်ဘက်ထဲစူးစူးနစ်နစ်နာကျင်လာရပြန်သည်။

တခြားသူတွေအတွက်အချစ်ကဘယ်လိုအရာမျိုးလဲမိုးဇင်မသိပေမယ့် မိုးဇင်အတွက်တော့ နာကျင်နေရခြင်းကပိုပြီး များတယ်။

...

ရှည်လျားလွန်းတဲ့ညက မိုးဇင် တစ်ယောက်ထဲကျော်ဖြတ်ရဦးမယ်ဒီလိုအေးစက်စက်နဲ့ညမျိုး မိုးဇင်တကယ်ကိုယ်မုန်းမိသည်။ wallpaper က မေပုံလေးကြည့်ရင်အတွေးထဲထပ်မံ၍မိုးဇင်သူနစ်မွန်းနေသည်။

"နာရီကြည့်တော့ မနက် 1.နာရီ ဒီအချိန်တောင်ရှိနေပြီးလား "

ည 8 နာရီမှ မနက် 1နာရီ သူမဘာတွေတွေးနေမည်နည်း။ သေချာသည်ကတော့ ပျော်စရာတွေဘဲဖြစ်မှာပါ။ မှန်ပြတင်းပေါက်ရဲ့အပြင်ဘက်မှ ဝင်လာတဲ့ လရောင်နှင့် ဘေးအိမ်မှ မီးအလင်းရောင်တွေထင်ဟပ်နေတာကြောင့်သဲသဲကွဲကွဲမြင်နေရတဲ့မိုးဇင်သူရဲ့ခပ်ပြုံးပြုံး မျက်နှာထားနဲ့ တင်းကျပ်စွာအဖက်ခံထားရသည့် ချောကလပ်ရောင်သူမရဲ့အရုပ်လေးကသက်သေပင်။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now