Unicode အပိုင်း(၈)

872 54 0
                                        

အပိုင်း(၈)

မိုးတိတ်ခါစ စိုစွတ်စွတ်မြေပြင်ထက် ချော်မကျအောင်မိုးဇင်ထိန်းပြီး လမ်းလျှောက်လာခဲ့သည်။ ရေညှိတွေတက်နေတဲ့ လမ်းကျဉ်းလေးရဲ့ လက်ယာဘက်အခြမ်းမှာ
ခရမ်းရောင် ပန်းပွင့်လေးတွေ မိုးဇင်သူပြန်အလာကိုယ်စောင့်မျှော်နေကြသည်။

"ကိုယ်ပြန်လာပြီး"

ကြွေကြနေတဲ့ပန်းပွင့်လေးတစ်ပွင့်ကိုယ်ကောက်ယူရင်းနမ်းရှိုက်လိုက်သည်။ ထိုလမ်းဘေးရှိပန်းသည်ရနံ့မရှိ။

"မင်းတာဝန်ကျေပါတယ်"

ရေစိုနေတဲ့သစ်ရွက်လေးတွေကိုယ်လက်ဖျားလေးဖြင့်လိုက်ထိကာ ဖြေးဖြေးချင်းအနီရောင်တံတားလေးရှိရာသို့ထွက်သွားခဲ့သည်။

..................

"မိုးဇင် မမမေကဘယ်နေ့လာမှာလဲ"

"စနေနေ့လေး"

"ဟင် ....မနက်ဖြန်လား နောက်အပတ်လား"

"မနက်ဖြန် စနေလား"

"အေးလေး "

"ဟင်....."

"ရေချိုးခန်းထဲကငါ့ရဲ့အသိုက်လေး"

"သွားပြီးမိုးဇင်သူ ထဟဲ့ မြန်မြန်ရှင်းရအောင်"

ယွန်းလည်းမိုးဇင်သူစကားကြောင့်လန့်သွားကာနှစ်ယောက်သားရေချိုးခန်းရှိရာသို့ပြေးကြသည်။

"ဗုဒ္ဓေါ မိုးဇင်သူ နင့် အဝတ်တွေက ဒေါနတောင်ကြီးနဲ့နင်လားငါလားဘဲ"

"ငါပေါင်းပြီးလျှော်မလို့စုထားတာအရှိန်လွန်သွားတယ်"

""ပေး ပေး ထူတဲ့ဟာတွေငါလျှော်ပေးမယ်"

"ဘောင်းဘီကအားနာစရာကြီးဟာ ငါ့ဘာသာငါလျှော်ပါ့မယ်"

"ထူတယ်လေး နင့်လက်နဲ့မဖြစ်ပါဘူး ပေးငါ့ကိုဘဲ"

"ကျေးဇူးဘဲ"

မိုးဇင်သူရဲ့အကြောင်းပြချက်အမျိုးမျိုးဖြစ်မလျှော်ဘဲပုံထားသောအဝတ်တွေကြောင့် ဒုက္ခရောက်နေခြင်းဖြစ်သည်။

"ဟဲ့....မိုးဇင်သူ လျှော်တာကဟုတ်ပြီးဟ
မနက်ဖြန် မခြောက်ရင်ဘယ်လိုလုပ်မလဲ"

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now