Unicode အပိုင်း(၂၀)

597 37 4
                                    

အပိုင်း(၂၀)

မနက်အလုပ်သွား အလုပ်ပြန် စကားပြောဖော်လည်းမရှိ တစ်ယောက်ထဲနေရတော့ မိုးဇင်ရဲစိတ်တွေပို၍ထိရှလွယ်လာသည်။
ယွန်းက သူအားတဲ့ချိန် ဖုန်းခေါ်လေ့ရှိပေမယ့် အဖွားပြုစုရတာတစ်ဖက်နဲ့မို့အချိန်ကြာကြာစကားမပြောဖြစ်ပါ။
ဖျားချင်သလိုလို ရင်ဘက်ဘဲအောင့်နေသလိုလို ဘာဖြစ်လို့ဖြစ်နေမှန်းမသိလောက်အောင်မိုးဇင်သူရဲ့ရောဂါတွေတိုးပွားနေသည်။

ငါသေတော့မလို့လား ဘာတွေဖြစ်နေတာလဲလို့ ခေါင်းကလည်းမူးလိုက်တာ။ စိတ်တွေမကြည်ဘူး spy နည်းနည်းလောက်သောက်ဦးမှပါ။

အလုပ်သိမ်းသည်နှင့် spy ဝယ်ပြီး အခန်းသို့မိုးဇင်သူပြန်လာသည်။

"ဟျောင့်....သားလေး မင်းဘာလုပ်နေတာလဲ"

"သားသောက်နေတာပါး"

"Video call ခေါ်မယ်ကိုင်လိုက်"

"ဟုတ်ကဲ့"

"ဟျောင့်"

"ဗျာ"

ဆံပင်တွေပွပြီး မျက်နှာမှာချွေတွေဖြင့် မိုးဇင်သူရဲ့ပုံစံမှာ စုတ်ပြတ် လွန်းနေသည်။

"ရေမချိုးရသေးဘူးလား"

"ချိူးရသေးဘူး ပါး သားလေး ခေါင်းတွေအရမ်းမူးနေတာ"

"သောက်နေတာကိုးကွ ခေါင်းမူးမှာပေါ့"

"မသောက်ခင်ထဲကမူးနေတာ သားဘာဖြစ်နေလဲမသိဘူး"

"ထမင်းရောစားပြီပြီးလား"

"အား ....ဟုတ်သားဘဲ သားမေ့နေတာ ထမင်းမနက်ထဲကမစားရသေးဘူး ဟား..ဟ
လက်စသတ်တော့အဲ့ဒါကြောင့်မူးနေတာကိုး ဟား ဟာ ဟ ဟား"

"ဘယ်လိုအသံကြီးနဲ့ရယ်နေတာလဲ ထ ဟျောင့် ရေချိူးပြီးထမင်းစားတော့"

"သားထမနိုင်ဘူး အားမရှိဘူးပါးရ"

"အေးနေပြီး အချိန်ကိုယ်လည်းကြည့်ဦး ရေချိုးတော့"

"ဟုတ်ကဲ့ပါ"

ပါးသည်မိုးဇင်သူရဲ့ အရင်းနှီးဆုံးသောသူတစ်ဦးပါ facebook မှခင်မင်ရင်းနှီးရတဲ့သူတွေထဲမှာမှ မိုးဇင်သူရဲ့စိတ်ကိုယ်အနားလည်ဆုံးနဲ့နှစ်သိမ့်ပေးနိုင်ဆုံးသူတစ်ဦးပါ ။ တစ်ယောက်နဲ့တစ်ယောက်အပြန်လှန်ဖေးမရင်းမိတ်ဆွေကနေ မိသားစုဝင်တစ်ဦးလိုပါရင်းနှီးလာခဲ့ချင်းဖြစ်သည်။ လူတိုင်းမှာဒဏ်ရာကိုယ်စီရှိကြသော်လည်းအတိမ်အနက်ချင်းကွာခြားသည်ဆိုတဲ့စကားကိုယ်ပါးနဲ့တွေ့တဲ့နောက်ပိုင်းမိုးဇင်သူ ပိုပြီး ထောက်ခံလာခဲ့သည်။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now