Unicode အပိုင်း(၂၈)

1.8K 52 0
                                    

အပိုင်း(၂၈)

"ဒေါက်..ဒေါက်.."

တံခါးခေါက်နေတာအချိန်အတော်ကြာနေပြီးဖြစ်သော်လည်းအခန်းထဲမှဘာအသံမှမထွက်လာပါ။

"ပြည့်လေး...ပြည့်လေး..မနိုးသေးဘူးလား.
ဒေါက်..ဒေါက်"

"ဟင်...နိုးပြီးမဝင်း"

"ဘွားဘွားမနက်စာစားဖို့စောင့်နေပြီး"

"ဟုတ် ခုမျက်နှာသစ်ပြီးဆင်းခဲ့မယ်"

ပြည့်ပြည့်ကိုယ်စား ဖူးသစ်ချိုကသာဖြေပေးလိုက်သည်။ ပြည့်ပြည့်ကတော့ အိပ်မောကြနေတုန်းဖြစ်သည်။

"ပြည့်ပြည့်..ပြည့်ပြည့်"

"ဟင်"

"ထတော့ 8 နာရီတောင်ထိုးနေပြီး"

"အင်း"

ဖူးသစ်ချိုလည်းပြည့်ပြည့်ကိုယ်နှိုးပြီးအိပ်ယာကဆင်းမည်အလုပ်တွင်...

"နေဦးဖူးသစ်"

"ဘာလဲ"

"ငါညက သူ့ကိုယ်တွေ့လိုက်တယ်"

"အိပ်မက်ထပ်မက်သေးလို့လား"

"မဟုတ်ဘူး အပြင်မှာ"

"ဟင်....နင်တကယ်ပြောနေတာလားပြည့်"

"ဟုတ်တယ် သူငိုနေတယ်ဟာ သူ့မျက်နှာလည်းမပြဘူး ငါညကတစ်ညလုံးမအိပ်ပျော်ဘူး သူကိုတွေ့ဦးမလားဆိုပြီးစောင့်နေတာ မိုးလင်းခါနီးမှအိပ်ပျော်သွားတာ"

"ဧကန်ဏ ငါတို့သူ့ကိုယ်ကူရှာပေးမယ်ဆိုတာသူသိတယ်ဆိုတဲ့သဘောနဲ့ကိုယ်ရောင်လာပြတာလားမသိဘူး"

"မပြောတက်ပါဘူးဟာ.."

"စိတ်မကောင်းမဖြစ်ပါနဲ့ ခုငါတို့သူကိုယ်ရှာကြတော့မှာဘဲလေး ထ မျက်နှာသစ် ဘွားစောင့်နေတယ်တဲ့"

"အင်းပါ"

ပြည့်ပြည့် အိပ်ယာထဲ ခပ်ငိုင်ငိုင်ဖြင့်ကျန်ရစ်ခဲ့သည်။ ပြည့်အတိတ်မှာဘယ်လိုနေခဲ့မှန်းမသိပေမယ့် ခုသတိရလာပြီးတဲ့နောက်မှာညတိုင်းလိုလို ကြောက်စရာ ဝမ်းနည်းစရာအိပ်မက်တွေရဲ့နှိပ်စက်ချင်ခံနေရသည်။ မှတ်မှတ်ရရ မမေနှိုင်းခနှင့် စတွေ့တဲ့နေကသာ ကြည်နူးစရာအိပ်မက်လေးတစ်ခုမက်ခဲ့ဖူးသည်။
ပြည့် အိပ်ယာမှထကာ အိပ်ထဲမှ ဆွဲလက်စ ပန်းချီ ကားလေးပြန်ထုပ်ကြည့်ဖြစ်သည်။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now