Unicode အပိုင်း(၁၁)

810 47 2
                                        

အပိုင်း (၁၁)

"အား း း း"

"မိုးဇင်သူ....မိုးဇင်သူ...နင်အိပ်မက်ဆိုးတွေမက်နေပြန်ပြီးလား"

"ဟူး း ......... အိပ်မက်ကြီးလားဒါကတော်သေးတာပေါ့"

ယွန်း အိပ်ယာဘေးကရေဘူးလေးယူကာ။

"ရော့ ရေသောက်လိုက်"

မိုးဇင်သူရေသောက်လိုက်သည်။ အိပ်မက်ထဲငိုထားတဲ့မျက်ရည်တွေကအပြင်မှာတောင်ကျနေစဲဖြစ်သည်။

"အိပ်တော့လေးယွန်း ငါလည်းပြန်အိပ်တော့မယ်"

"အင်းအင်း"

ယွန်းကသူ့အိပ်ယာပြန်သွားပြီးအိပ်လိုက်တော့မှ မိုးဇင်သူ ဖုန်းလေးထုပ်ကာ မေ ဓာတ်ပုံလေးတွေကြည့်နေသည်။

သူသာ ရှင့်စီကိုယ်ပြန်လာခဲ့ရင် ရှင်ကသူ့ကိုယ်ပြန်လက်ခံမှာလား။ ရှင့် ex ကိုယ် မိုးဇင်အရမ်းကြောက်မိတယ်မမေရယ်။ မိုးဇင်ရင်ထဲကနေ ရှင့်ကိုယ်ပြန်လုယူသွားမှာမိုးဇင်အရမ်းကြောက်တယ်။

...............

ဟင်.....ဒါ မမေ မွေးနေ့တုန်းကအစောကြီးပုံတင်တဲ့တစ်ယောက်မဟုတ်လား။ မမေကိုယ် tag တွဲပြီး တင်ထားတဲ့စာတိုလေးက ဟိုလိုလိုဒီလိုလိုနဲ့။မမေ ပြန်ရေးထားတဲ့
Comment ပြန်ရေးထားတာတွေကလည်းအူယားစရာကြီး ချစ်တာတွေရောနမ်းတာတွေရော ။ သူကဘယ်သူလဲ မမေ exလား အကောင့်ထဲ ဝင်ကြည့်လိုက်တော့
ချောသားဘဲ မဟုတ်ပါဘူး တစ်ကယ်လှတာ
ပိန်ပိန်သွယ်သွယ်လေးဘဲ။

မိုးဇင်သူစိတ်ထဲပိုပြီးသဝန်တိုနေမိသည်။ တွေးလေးစိတ်ထဲအလိုမကျလေ စိတ်ဆိုးလေ
ဖြစ်လာခဲ့သည်။

မမေကလည်းနော် မိုးဇင်နဲ့တောင်အဲ့လောက်မချိုသာဘူး ။ အဲ့ဒီမှက ထန်းလျက်ကိုယ်သကြားပတ်ပြီး ပျားရည်လောင်းချသလိုကိုယ်ချိုမြနေတာ။ မမေရဲ့ ex က မမေထက်အသက်ကြီးတာဆိုတော့သူမဟုတ်လောက်ဘူး။ သူကမမေနဲ့အရွယ်တူလိုဘဲ ဒါဆိုသူက မမေ ဖွင့်ပြောထားတယ်ဆိုတဲ့တစ်ယောက်လား။ အား း း းမသိတော့ဘူးဟာ.....ရူးတော့မှာဘဲ။

မိုးဇင်သူတစ်ယောက် ဖုန်းတစ်လုံးနဲ့ယောက်ယပ်ခတ်နေသည်။ ဘေးမှာရှိနေတဲ့ယွန်းကိုယ်တောင်မမြင်နိုင်တော့။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now