Unicode အပိုင်း(၂၄)

810 39 2
                                        

အပိုင်း(၂၄)

မိုးဇင်သူအလောင်းမတွေ့ခင် နှစ်ရက်အလို...

"ယွန်း...မိုးဇင်သူသောက်နေတဲ့ဆေးကဘာဆေးလဲအရင်က မေ တစ်ခါမှမတွေ့ဖူးဘူး"

"စိတ်ငြိမ်ဆေး......တစ်နည်းပြောရရင်ရှင့်ကြောင့် ရူးနေတဲ့စိတ်ကိုယ်ငြိမ်အောင်ထိန်းထားတဲ့ဆေးလေး"

"ဟင်...ယွန်းဘာပြောလိုက်တာလဲ မေကြောင့်ဟုတ်လားယွန်း"

"ဟုတ်တယ်လေး ရှင့်ကြောင့်မဟုတ်ရင်ဘယ်သူ့ကြောင့်ဖြစ်ဦးမှာလဲ "

နီရဲသောမျက်ဝန်းတွေခပ်တင်းတင်းဆုပ်ထားတဲ့လက်တွေ စကားလုံးကိုယ် မျက်နှာကျောတင်းတင်းဖြင့်ပြောနေတဲ့ယွန်းပုံစံက မေ့ကိုယ်ထပြီးနဘန်းလုံးတော့မလိုလို။

"ရှင်ရဲ့ချစ်ရပါသော ရည်းစားဟောင်းရဲ့အကြောင်းတွေ တင် ချစ်ပြနေ နာကျင်ပြနေ ခံစားပြနေတဲ့အချိန်မှာကျွန်မရဲ့သူငယ်ချင်းက ရှင့်ကြောင့် ငိုနေရတယ် အရူးတစ်ယောက်လို သူ့ကိုယ်သူ နှိပ်စက်နေတာ ရှင်မသိခဲ့ဘူးမဟုတ်လား.....အဟက်...သိချင်ခဲ့မှာလည်းမဟုတ်ဘဲလေး ရှင့်တွက်သူကအရေးမှမပါဘဲ....ဒီမှာမမမေ...ခုမိုးဇင်သူပျောက်နေမှလာလွမ်းဆွေးပြမနေပါနဲ့...တခြားသူကတော့ရှင့်အကြောင်းမသိလို့ သနားနေလိမ့်မယ်....ယွန်းကတော့ ရှင့်ရဲ့ကစားကွက်တွေကိုသိလို့ရယ်ချင်မိတယ်"

ပြောချင်တာပြောပြီးမေ့ရှေ့ကယွန်းထွက်သွားပေမယ့် မေကတော့ထိုနေရာမှာဘဲအချိန်တော်ကြာရပ်နေခဲ့သည်။

...
တိတ်ဆိတ်လွန်းတဲ့အခန်းရဲ့ထောင့်နားလေးတွင်ပေါက်စအမည်ရှိသောအရုပ်ကလေးကိုယ်ရင်ခွင်ထဲပွေ့ဖက်ထားရင် မေသည် သူ့၏သီသန့်ကမ္ဘာငယ်လေးထဲတွင်နေထိုင်လျက်ရှိသည်။ ဒီအတောတွင်းမေအိပ်မရခဲ့ပါ။ မအိပ်ခဲ့တာလို့ပြောရင်ပို၍မှန်ပေလိမ့်မည်။ မေသည် မိုးဇင်သူရဲ့အကြောင်းသာတွေးနေချင်သည်။ မိုးဇင်သူနဲ့သာမေစကားတွေပြောနေချင်သည်။ မိုးဇင်သူမရှိတော့ဘူးဆိုတဲ့အမှန်တရားတစ်ခုကိုယ်မေငြင်းဆန်နေတုန်းပါ။ အချိန်တွေသာကုန်လာခဲ့ပေမယ့် မေရဲ့အတွေးထဲမှာသူပြန်လာလိမ့်မယ်လို့ယုံကြည်နေစဲဖြစ်သည်။

#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္Where stories live. Discover now