"မမေ စိတ်မဆိုးပါနဲ့နော် မနက်ကမိုးဇင်မအားလို့ပါ"
"အင်း"
"အဲ့လိုကြီးမနေပါနဲ့ မိုးဇင်မနေတက်ဘူးလို့"
"ဘယ်လိုနေရမလဲကွယ်"
"ဒီညကျွန်မစောစောအိပ်မယ် ရှင့်ချစ်သူနဲ့ဘဲသွားရေးလေး"
"အယ် မမေကလည်း သူမရှိဘူးလေး ဖုန်းခေါ်လည်းမကိုင်ဘူး"
"ဪ"
"မမေကလည်းသူနဲ့မိုးဇင်အကြောင်းသိသားနဲ့"
"အင်း"
"စိတ်မဆိုးနဲ့တော့နော်"
" စိတ်ဆိုးနေတာမဟုတ်ပါဘူး စိတ်မကောင်းဖြစ်တာ မေကအဲ့ဒီလိုဘဲ မေ့ကိုယ် ဂရုမစိုက်နိုင်ရင်
အစထဲကဂရုမစိုက်ပါနဲ့ အမြဲတမ်းရေးနေကြပြောနေကြဂရုစိုက်နေပြီးမှပြစ်ထားရင်အရမ်းခံစားရတယ်"
"ပြစ်ထားတာမဟုတ်ပါဘူး မမေရယ် မနက်တကယ်မိုးဇင်မအားလို့ပါ"
"အင်းပါ မေ နားလည်ပါတယ် "
"အဲ့ဒါဆိုရှင်လေးကောက်တော်မူမနေနဲ့တော့နော်"
"မေကဆိုးလားမိုးဇင်"
"နည်းနည်းပါ"
"ဘာနည်းနည်းလဲ ဆိုးတယ်လို့ပြောချင်နေတာမဟုတ်လား"
" အယ်...မဟုတ်တာ"
"ကြည့်ပါလား လူကိုယ်စိတ်မရှည်တဲ့ပုံနဲ့"
"ဟင်........"
"အင်းပါ မေ သိပါတယ် နောက်ဆိုမေမဆိုးတော့ပါဘူးအဲ့ဒီတော့မှမေအေးစက်နေတယ်ဆိုပြီးလာမပြောနဲ့"
"ဆိုးပါရှင် ...ဆိုးပါ ..ရှင်လေးသဘောတော်မြတ်အတိုင်းနေပါနော် အေးတော့မအေးစက်လိုက်ပါနဲ့"
"ဘာမှလာပြောမနေနဲ့ မနက်ထဲကကျေနပ်နေတာမဟုတ်ဘူး"
"ခုဏကမေနားလည်တယ်ဆို"
"မသိဘူး ဒါဘဲ ကျွန်မအိပ်တော့မယ်"
"ဟုတ်ပါပြီးရှင်.....good night ပါနော်"
"အင်း"
၅ မိနစ်အကြာ.................
"မမေ မဆင်းသေးဘူးလား"
"ကျစ်......လူကိုယ်မနှင်ပါနဲ့ ဘယ်တော့ထဲကမမြင်ချင်ဖြစ်နေလဲမသိဘူး"
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Romance#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...
