အပိုင်း (၁၇)
"မေတို့လမ်းခွဲရအောင် "
ထင်မှတ်မထားတဲ့မေရဲ့စကားလုံးတွေကြောင့်မိုးဇင်ရုတ်တရက်ဆွံအသွားသည်။ မိုးဇင်ဘက်က ဘာစာမှမပြန်ရသေးဘဲ မေ ဘက်မှနောက်ထပ်စာတိုလေးတွေဆက်တိုက်ပို့လာခဲ့သည်။
"မေ မရည်ရွယ်ဘူးဆိုပေမယ့်ရှင့်ကိုယ်မျှော်လင့်ချက်ပေးသလိုဖြစ်ခဲ့တယ် အဲ့ဒီတွက် မေ တောင်းပန်ပါတယ် "
စကားလုံးတိုင်းကမိုးဇင်သူနှလုံးသားကိုထိမှန်စေခဲ့သောလည်း နာကျင်မှန်းတောင် မိုးဇင်သူသတိမဝင်သေးဘဲစာတစ်ကြောင်းချင်း အပြန်လှန်ဖတ်နေသည်။
မမေ အရင်တစ်ခါလိုမိုးဇင်ကိုယ်စိတ်စမ်းတာဘဲနေမှာပါ။ စိတ်ထဲကဖြေတွေးပြီးမှမေစီသို့စာဆက်ရေးသည်။
"မမေ မစနဲ့နော် အဲ့လိုစတာမကြိုက်ဘူးလို့ပြောထားတယ်လေး"
"ကျစ်.....ဒါစရာမဟုတ်ဘူး မိုးဇင် မေ အတည်ပြောနေတာ"
"မေ စကားတွေရှည်ရှည်ဝေးဝေးမပြောချင်ဘူးမိုးဇင်. မေရှင့်ကိုယ်မျှော်လင့်ချက်ပေးသလိုဖြစ်ခဲ့တဲ့တွက်တောင်းပန်ပါတယ် ဒါပေမယ့် မေ မချစ်ဘဲနဲ့လည်းရှေ့မဆက်ချင်ဘူး"
"မမေကမိုးဇင်ကိုယ်မချစ်ဘူးပေါ့"
"ဟုတ်တယ်မိုးဇင် မေ ချစ်ဖို့ကြိုးစားခဲ့ပါတယ် ဒါပေမယ့် မေ မချစ်နိုင်ဘူး"
"ဘာလို့လဲ"
"အကြောင်းပြချက်လိုလို့လား အချစ်ကဖန်တီးပြီးယူလို့မရတာမိုးဇင်လည်းသိမှာပါ"
မေဘာဆက်ရေးမလဲမိုးဇင်သူမကြည့်ချင်တော့ပါ။လမ်းခွဲစကားဆိုတာ အရမ်းနာကျင်ဝမ်းနည်းရလိမ့်မည်လို့ မိုးဇင်သူခန့်မှန်းထားခဲ့ပေမယ့် အဖြေဟာလွဲချော်ခဲ့ပြန်သည်။ နာကျင်မှုမရှိ အေးစက်စက်သာရှိနေသည်။မေ မချစ်ခဲ့ဘူးတဲ့စာကိုမဖတ်ခဲ့သလို မသိလိုက်သလိုပုံမှန်အတိုင်းဘာမှပြောင်းလဲသွားခြင်းမရှိခဲ့ပါ။
မယုံကြည်နိုင်ဘူးဟုပြောရင်ပို၍မှန်ပေလိမ့်မည် မေ မချစ်နိုင်ဘူးဆိုတဲ့စကားထပ်ပိုတဲ့ အကြောင်းပြချက်မိုးဇင်လိုချင်နေမိသည်။ ဒီထက်ခိုင်လုံတာမရှိဘူးဆိုတာသိနေရက်နဲ့ မသိချင်ယောင်ဆောင်ပြစ်လိုက်သည်။
........
YOU ARE READING
#Unicode ရင်ခွင်ရိပ် #Zawgyi ရင္ခြင္ရိပ္
Roman d'amour#Unicode အချစ်ကသိပ်ကြောက်ဖို့ကောင်းတယ် နာကျင်စရာတွေကြီးဘဲ အခါအခွင့်သင့်ခဲ့မယ်ဆိုရင်တောင် မေ အချစ်ဆိုတဲ့အရာကြီးနဲ့မတွေ့ချင်တော့ဘူး။ မေနှိုင်းခ အချစ် ရင်မဆိုင်ရဲဘူး အဲ့ဒီအချစ်ဆိုတာကြီးနဲ့ထိပ်တိုက်မတွေ့မိအောင်ဘဲ ရှောင်ပြေးချင်တယ်။ မိုးဇင်သူ ပထမဆုံးအချစ...
