အခန်း - ၇

28K 2.5K 34
                                    

Unicode

" ထန်းယိုင်ရွာ အတွင်း၌မှီတင်းနေထိုင်ကြကုန်သော ပါရမီရှင်သူတော်စင် သူတော်ကောင်းအပေါင်းတို့ခင်ဗျာ။ ဝါတွင်းကာလ မိမိတို့နေအိမ်၌ ကိုယ်တိုင်ကိုယ်ကျ ဆွမ်းမချက်နိုင်၍ဖြစ်စေ။အချို့သော အကြောင်းအရာများကြောင့် ဆွမ်းချိုင့်အား ရွာဦးဘုန်းကြီး‌ေကျာင်းသို့ သွားမပို့နိုင်သည်ဖြစ်စေ။ကျွန်တော်တို့ရဲ့ အလှူခံဌာန လာရောက်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။" မရှိလိုမလှူလို့မရှိ "ဆိုတဲ့အတိုင်း။ညောင်စေ့လောက်လှူရင်း ညောင်ပင်ကြီးလောက်ရှိတဲ့ကုသိုလ်တွေလည်း ရသွားနိုင်ပါတယ်ဗျာ။
အလှူ့ရှင်အလှူ့အမ အပေါင်းတို့လည်း ရေလိုအေးလို့ ပန်းလိုမွှေးပြီး လာဘ်လာဘများလည်းပုဒုမ္မာရွှေကြာပန်းကဲ့သို့ ပွင့်လန်းနိုင်ကြပါစေရှင်။ အဲ...ခင်ဗျာ။ "

တီ___________!

" ကဲ ဘုန်းမြတ်ရေ စက်ပိတ်လိုက်တော့။နေ့လည်ထမင်းစားနားကြမယ်။ကျန်တာတွေကို‌တော့ ထမင်းစားရင်းဆက်ဆွေးနွေးကြတာပေါ့ကွာ။ "

သူရ တစ်ယောက်ပြောသမျှအား ကြောင်ကြည့်နေသော ဘုန်မြတ်အားကြည့်ရင်း မမေးဘဲမနေနိုင်အောင် မေးလိုက်မိသည်။

" ဗျို့ သူကြီးမနေ့က သွေးအရသာကို တွေးပြီးတသသဖြစ်နေတုန်းလားဗျ။ "

ထိုအခါမှပင် ရုပ်နှင့်နာမ်နှင့်ပြန်လည်ကပ် သွားသော ဘုန်းမြတ်။သူရ ပြောလိုက်သော စကားအားမကြားသောကြောင့် ပြန်မေးလိုက်သည်။

" ဘာပြောလိုက်တာလဲ။ "

နန္ဒ တစ်ယောက်မိမိ၏ ရှင် ဟူသော အပြောကြောင့် တစ်ယောက်ကြိတ်ကာ အူတက်နေရင်း ဘုန်းမြတ်၏ " ဘာပြောလိုက်တာလဲ ။ " ဟူသော စကားအားကြားလိုက်သောအခါ ဗိုက်နှိပ်ကာ ရယ်လေတော့သည်။

သူရ လည်းမည်သို့မည်ပုံ ပြန်ပြောရမည်ကိုပင်မသိတော့။

" မဟုတ်တော့ဘူး။ဘာမှမဟုတ်တော့ဘူး။လာ နန္ဒထမင်းသွားစားမယ်။ "

ဟုပြောကာ အလှူခံဌာနဘေးရှိ ကွပ်ပျစ်သို့ထွက်သွားသည်။

ဘုန်းမြတ်တစ်ယောက်တည်း အလှူခံဌာန အတွင်း၌ကျန်ခဲ့သည်။အစောတုံးက ဘုန်းမြတ်တစ်ယောက်တည်း အတွေးကမ္ဘာထဲ နစ်နေခဲ့သည်။သို့သော် သူရပြောစကားများအားသူကြားခဲ့သည်။ သက်သက်မကြားခြင်း‌ယောင်ဆောင်ခဲ့ခြင်းသာ။သူ့အတွေးထဲ၌ ပစ်တိုင်းထောင်အကြောင်းအားတွေးနေခြင်းမဟုတ်ပေ။သူရအကြောင်းသာတွေးနေခြင်းဖြစ်သည်။မနေ့ညနေ့က‌ေတွ့မြင်ခဲ့သော အကြောင်းအားသူရကို မေးသင့်မမေးသင့် တွေးတောနေခြင်းပေ။

သူကြီးကတော်(BL)Where stories live. Discover now