အခန်း - ၃

36.1K 2.9K 99
                                    


《Unicode》

ပစ်တိုင်းထောင်တစ်ယောက် မနက်ခင်းစားသောက်ပြီးနောက်၊အမေဖြစ်သူအားဝိုင်းကူကာ ရေမိုးချိုးရန် အိမ်အောက်သို့ ဆင်းလာတော့သည်။ သီချင်းလေးတအေးအေးနှင့်။

ဂေါ်သဇင်ပန်းပွင့်လန်း နန်းဥယျာဉ်မှာ...ချူချင်သော်လည်း  စိတ်ထဲရဲသွေးမဝင်ပါ။ခင်နှမသက်လျာ သနားကြင်နာ..ခွင့်ပေးဖို့တောင်းပန်ရတာ။သဒ္ဒါဟုန်ဇောမနော ပြောလို့မကုန်ပါ......။

" အမလေးတော် သဒ္ဒါဟုန်ဇောတွေ မနောတွေတယ်ပေါပါလား။ပစ်တိုင်းထောင်ရဲ့ "

စဉ့်အိုးထဲမှရေအား ခပ်လိုက်ရင်းခန္ဓာကိုယ်ပေါ်သို့ မလောင်းချမီ။ခြံရှေ့သို့ ဖြတ်လျှောက်လာသော အေးကြည်မတို့အဖွဲ့ ။
သွားစရာရှိမသွားဘူး လာအာချောင်နေတယ် တကတည်း။ပြန်ကိုပြောရမည်။ဒါမျိုးလာလုပ်လို့မရဘူး။
ပစ်တိုင်းထောင်တဲ့ တစ်ရွာလုံးမှာတစ်ထောင်တည်းရှိတယ်။နှစ်ထောင်ရှိရင် ခုတ်ဖြတ်လိုက်မယ်။

" သဒ္ဒါဟုန်ဇောတွေကော မနောတွေကော အမလေး ပေါတာမှ ဗုန်းဗောလအောပဲ ။ "

အေးကြည်မလည်း ပြန်အော်ပြောလာသောလေသံအား နားထောင်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။ပစ်တိုင်းကား တစ်ထောင်တည်းရှိသလို စွာတေးလန်တာကလဲ မိန်းကလေးများပင်အရှုံးပေးရလောက်သည်အထိပင် ။

" မဟုတ်ပါဘူးတော်ရေ။အခုတလော စိတ်တွေဘာတွေများဆတ်နေသပ။ညနေ့ရောက်ရင် ရွာထိပ်မှာ ရေသွားခပ်မလို့လေ။လိုက်အုံးမလားလို့ "

ပစ်တိုင်းထောင်လည်း ရွာထိပ်ထွက်၍ ရေခပ်ရမည်ဟုကြား၍ ပျော်သွားသည်။အကြောင်းမူကား ရွာထိပ်မရောက်ခင် ညောင်ပင်နား၌ ဒေါ်ပုအကြော်ဆိုင်ရှိသည်။ရေခပ်မည်ဟုအကြောင်းပြကာလစ်၍ အကြော်ဝယ်စားရန်ဖြစ်သည်။ထို့ကြောင့် သူ၏အစ်မလိုလည်းခင်ရ၊သူငယ်ချင်းလိုလည်းခင်ရသော မမသော်တာပါမပါ မေးရမည်။အကယ်၍ အိမ်ကသိသွားပါကမမသော်ပါလျှင် အပြစ်ကနှစ်ဆလျော့သည်မဟုတ်လား။

" ဟဲ့ ...အေးကြည်မ မမသော်ကောပါရဲ့လား "

" ပါပါ့တော််။ပါပါ့ "

သူကြီးကတော်(BL)Wo Geschichten leben. Entdecke jetzt