အခန်း - ၂၁

24.4K 2.1K 75
                                    

Unicode

" ကယ် ဒီလင်ဒီမယား ဟိုအောင်မင်းအောင်ပေါင်းရပါစေကွယ် "

ဒေါ်မေသီ့စကားကြောင့် ဦးကျော်ဇေယျထိတ်ပျာသွားသည်။

" သီရေ မင်းမှားနေပြီ. . မင်းမှားနေပြီ။ဘုန်းမြတ်နဲ့သားလေးပစ်တိုင်းထောင်လေ။ "

" အော် ဟုတ်သားပဲ။သီမနေ့ကတောက်လျှောက်မေသော်တို့ကို ဆုပေးနေတာ ပါးစပ်ထဲစွဲသွားတယ်ထင်တယ် "

" ရပါတယ်မေမေရဲ့ သားကော က... အာ ပစ်တိုင်းထောင်ကော စိတ်မရှိပါဘူး။ "

ဘုန်းမြတ် ပြောနေသော်လည်းကလေးမျက်နှာအား တိတ်တဆိတ်ခိုးကြည့်ရသေးသည်။ရှက်နေသည်ထင် ခေါင်းလေးငုံ့ကာ အသံတိတ်နေသည်။

" ကယ် ဘုန်းမြတ်ကော ဟောဒီကပစ်တိုင်းထောင်လေးကော ဘုန်းကြီးလို့အသက်ရှည်ပါစေကွယ် "

" ပေးတဲ့ဆုနှင့် ပြည့်ပါ‌ေစဖေဖေ။ "

တစ်ပြိုင်နက်တည်း ထွက်လာသောအသံကြောင့် ဘုန်းမြတ်ကြောင်သွားသည်။ကလေးက အဖေ့ကိုဖေဖေလို့ ခေါ်လိုက်တာလား။ဘေးကိုကြည့်ပြန်တော့လည်း ထုံးစံအတိုင်းငုံ့မြဲငုံ့ဆဲပင်။

" ကဲနေတောင်စောင်းတော့မယ် သားဘုန်း ထောင်ထောင်‌လေးအတွက် မေမေမုန့်ထည့်ပေးလိုက်မယ်။သားအိမ်ပြန်လိုက်ပို့လိုက်ကြားလား သား။"

" ဟုတ်‌ မေသားလိုက်ပို့လိုက်မယ်။နည်းနည်းတော့ကြာမယ်နော်။မေမေတို့ပြန်မလာခင်က ပစ်တိုင်းထောင်အ‌ေကြာ်စားချင်တယ်ပြောနေလို့ သား‌ေကျွးမလို့ "

" ဟုတ်ပါပြီ။သားလည်း ပြန်လာတာမိုးချုပ်ရင်ဂရုစိုက်ပြီးပြန်လာခဲ့ "

" ဟုတ်ကဲ့ "

ထိုအခါမှခေါင်းမော့ကာ ...။

" ဒါဆို သားသွားလိုက်ပါအုံးမယ်။ဖေ .... အာ ဘဘကြီးနဲ့ ကြီးသီ။ "

" ကောင်းပြီ။ကောင်းပြီ။ သားရေပစ်တိုင်းထောင်ကို ဂရုစိုက်အုံး။ "

" ဟုတ်ကဲ့ပါ ဖေဖေ။ "

အိမ်ဝကနေထွက် ၊ ခြံထဲဆင်း ၊ ခြံဝန်းကနေခြံပြင်သို့ခြေအလှမ်း အပင်ကွယ်ရာရောက်တာနဲ့ ဘက်ခနဲ  လက်လှမ်းဆွဲသော ကိုဘုန်း။
ဟွန့် အားကြီးနဲ့ ဆောင့်ဆွဲလိုက်တာများ ကိုယ်တစ်ခုလုံးသူ့ရင်ခွင်ထဲရောက်။ " မြင်ပါများတော့ ချစ်ကျွမ်းဝင် " ဆိုသလိုပဲ။ရောက်ပါများတော့ လူလည်းဒီရင်ခွင်ထဲပဲ သွားချင်နေတော့တယ်။ညညဆို အစွဲလွန်ပြီးယောင်သည်အထိ။တစ်ခါတစ်ခါကျတော့လည်း အပိုင်လိုချင်လာမိပြန်ရော။

သူကြီးကတော်(BL)Where stories live. Discover now