အခန်း - ၂၆

22.5K 1.8K 47
                                    

Unicode

" သီရေ ... "

ဒေါမေသီ  အိမ်နောက်ဖေး၌ မုန့်ဟင်းရည်အိုး ကြည့်နေရင်း အိမ်ရှေ့မှခေါ်သံ‌ကြားသောကြောင့် အပြေးအလွှားထလာလိုက်သည်။

" အော် လှ လာလေ၊အိမ်ထဲဝင်လေ လှရဲ့ သူစိမ်းတွေမှမဟုတ်တာဘဲ ထူးထူးဆန်းဆန်းအော်ခေါ်လို့။ "

" မဟုတ်ပါဘူး။သီရေ ဒီမှာကိုခင်မောင် တစ်ယောက်နောက်ကျနေလို့စောင့်နေရင်းအော်ခေါ်လိုက်တာတော့် "

ပြောရင်းဆိုရင်း အိမ်ပေါ်သို့တက်လာသော ဒေါ်လှရီ၏ သာယာနာပျော်ဖွယ်ကောင်းလှသော အသံအားကြားပြီးနောက်။အခန်းထဲ၌ ဘာလုပ်နေလို့လုပ်မှန်းမသိပါသော ပစ်တိုင်းထောင် ခေါင်းမွှေးများပင်ထောင်လာတော့သည်။

" ကိုဘုန်းရေ ကိုဘုန်း "

ထိုစဉ်ဘာလုပ်နေလို့လုပ်နေမှန်းမသိသော ပစ်တိုင်းထောင်၏အနာဂါတ်ခင်ပွန်း ဘုန်းမြတ်ဇေယျာမှာလည်း အိပ်မှုန်စုန်မွှားဖြင့်။

" ဗျာ ဗျ။ "

" မဗျာနဲ့ အိမ်ဦးခန်းမှာ ကိုဘုန်းယောက္ခမကြီးရောက်နေပြီ။ "

" ........... "

" ဘယ် လို လုပ် မ လဲ ကို ဘုန်း ! ! ! "

" ........... "

" ကို ဘုန်း "

" ဗျာ ဘယ်လိုလုပ်ရမှာလဲ ထွက်ပြီးသွားတွေ့ရမှာပေါ့ လာ "

ဘုန်းမြတ် ပြောရင်းဆိုရင်း ပစ်တိုင်းထောင်လက်ဆွဲကာ အခန်းထဲမှ ထွက်လေသောကြောင့် ပစ်တိုင်းထောင် ယက်ကန်ယက်ကန်နှင့် ပါသွားရပြန်လေသည်။

အိမ်ရှေ့သို့ရောက်သော်။

" မေမေ "

ပစ်တိုင်‌းထောင်အသံမဟုတ်ပါဘူး။ဘုန်းမြတ်ဇေယျာ အသံကြီးပါ။

" ဟေ သားဘုန်း ပြောသား "

" မေမေ့ကိုခေါ်တာ မဟုတ်ဘူး။ယောက္ခမမေမေကိုခေါ်တာ "

" ဟမ်!!!!!!!!!!!!!!!! "

ဒေါ်လှရီ အကြမ်းရည်ခွက်လေး ကိုင်ကာမော့သောက်ရန် ကြံကာမှ ဘုန်းမြတ်အသံကြားလိုက်ရသောအခါ လန့်ဖြန့်ပြီး ‌အကြမ်း‌ရည်ခွက်ပြုတ်မကျရုံတမယ်ပင်။

သူကြီးကတော်(BL)Où les histoires vivent. Découvrez maintenant