Unicode
" သားရေ ဘုန်းမြတ် သား ..... "
ကျွီ!
" အမေ့!!!!!!!!!!!!!!!! "
" ............. "
ဖြစ်ပုံသည်လို။ မနက်အိပ်ယာထကတည်းက ဘုန်းမြတ် ကလေးအား အိပ်ခန်းထဲ၌ပင်ထားကာ အခန်းပြင်သို့မထွက်ခိုင်းပါချေ။ သောက်ရေကအစ ခပ်ထားပေးလေသည်။
အိမ်မှာ မုန့်ဟင်းချက်စားမည်ဆိုသည်ကိုသိသော်လည်း မကူအားပါ။ကလေး တစ်ယောက်တည်း ပျင်းနေမည်စိုး၍ အခန်းထဲ၌သာ ကလေးအား အဖော်ပြုပေးနေသည်။နေ့လည်ရောက်ဝောာ့ ကလေးကအင်္ကျီလဲလိုသည်ဆို၍ ကုတင်စွန်း၌ထိုင်နေသော ဘုန်းမြတ် ရှေ့၌ ရပ်ကာ လက်အားဘုန်းမြတ်လည်ပင်း၌ ချိတ်ထားရင်း။
" ကိုဘုန်း ပူတယ်။အင်္ကျီလဲချင်တယ် ကိုဘုန်းအင်္ကျီတစ်ထည်လောက်ပေးဝတ်ပါလား။ "
" ဟမ် ကလေးမှာ အင်္ကျီတွေပါတယ်မဟုတ်လား။ "
" အမ် အဲ့ဒီအင်္ကျီတွေက ဟို မလျှော်ရသေးလို့လေ။ ဖုန်တွေနဲ့ဆိုတော့ယားမှာကြောက်လို့။ "
" အော် ဒါဆိုလည်းကိုယ့်အင်္ကျီပဲ ဝတ်လိုက်လေ။ "
" ဟုတ်ဗျ။ "
" ကိုဘုန်း ကြယ်သီးကတပ်မရဘူး။ "
" ဟုတ်လား။ကိုယ်တပ်ပေးမယ်လေ။ "
ဘုန်းမြတ် ကလေး၏ရင်ဘတ်ဖြူဖြူကလေးအားလက်နှင့်မစမ်းမိအောင် စိတ်မနည်းထိန်းထားရလေသည်။
" အခုမှပဲ တရားထိုင်တဲ့အကျိုးကျေးဇူးကိုခံစားရလေတော့သည်။ "
[A/N - စိတ်ငြိမ်တာကိုပြောချင်တာပါ။]
ကြယ်သီးတပ်နေရင်းအလယ်လောက်ရောက်တော့။ဘုန်းမြတ်၏လက်အား ဖတ်ခနဲလှမ်းကိုင်ကာ ခေါင်းအငုံ့ .............။
" ကျွီ " ဆိုတဲ့အသံကြီးပေါ်လာတော့တာပါပဲ။
" မေမေ .... "
" ကြီး..ကြီး..ကြီးသီ "
" အမလေး အမလေး ငါသွေးတက်ချင်တယ်။ဘုန်းမြတ်သား သားဘယ်လိုလုပ်လိုက်တာလဲ။ "
" သားရှင်းပြပါ့မယ် မေမေ "
*************
" ဒီလိုဆိုတော့လည်း မေမေကတော့ အပြစ်မတင်ရက်ပါဘူး။သားတို့နှစ်ယောက်ချစ်ကြရင်ပြီးတာပါပဲ။ တစ်ခုဟာက လှ ပစ်တိုင်းထောင်လေးရဲ့ အမေကလက်ခံနိုင်ပါ့မလား။ "
YOU ARE READING
သူကြီးကတော်(BL)
General FictionTitle - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi