အခန်း - ၆

29.2K 2.6K 79
                                    

Unicode

ဘုန်းမြတ် ပစ်တိုင်းထောင်အား လိုက်ပို့ပြီးအိမ်ဘက်သို့လှည့်ကာ ပြန်လာလိုက်သည်။ထို့စဉ် မိမိ၏အစ်မဖြစ်သူ၏ အရိပ်အားတွေ့လိုက်ရသည်။

အချိန်ကား နေဝင်ခါနီးဆိုပေမဲ့ သဲသဲကွဲကွဲတော့ မြင်နိုင်ပေသေးသည်။မိုးရာသီကား နေတာရှည်၍ ညတာတိုသည်မဟုတ်လား။
ကောင်ကင်ကြီးကား ကြည်လင်နေတော့သည်။မဝေးလှသော အကွာအဝေးလောက်ရောက်တော့ လှမ်းခေါ်ရန်ဟန်ပြင်လိုက်သော ပါးစပ်အားလက်ဖြင့် အသာလှမ်းပိတ်လိုက်သည်။ဝါးရုံအကွယ်မှထွက်ပေါ်လာသောသူ။ထိုသူ၏ကိုယ်လုံးကိုယ်ပေါက် ၊အရပ် တို့အားသူသိသည်။ထိုသူသည်လည်း သူကိုသိပါသည်။ရုတ်တရက် စဉ်းစားမိသွားသော အမည်နာမ တစ်ခုကြောင့် ဘုန်းမြတ်ခေါင်းထဲ ဒိန်းခနဲဖြစ်သွားသည်။

နောက်မှတရွေ့ရွေ့ ဆက်လိုက်သွားရာ။သူတို့အိမ်နားပင် ရောက်တော့မည်။အိမ်နားရှိမန်ကျည်းပင်အောက်ရောက်မှ နှုတ်ဆက်ကာ လမ်းခွဲသွားသော ထိုလူ။သေချာပါသည်။ဘုန်းမြတ်သိသောသူ။ သူရ ပင်ဖြစ်သည်။

ဒါပေမဲ့ သူ၏အစ်မဖြစ်သူ မေသော်တာနှင့် သူရက ဘာများပက်သတ်နေသနည်း။ဤ အချင်းအရာကာ သေချာအောင်သူ စုံစမ်းရပေအုံးမည်။
ထို့နောက်မေသော်တာ ခြံထဲသို့ ဝင်သွားသောကြောင့် ခြံပြင်အကွယ်၌ ခေတ္တစောင့်ကာ ခဏအကြာမှဝင်သွားတော့သည်။မသိချင်ယောင်ဆောင်ပေးရမည်။မည်သည့်ကိစ္စပဲဖြစ်ြဖစ် သူ၏တစ်ဦးတည်းသော အ်မဖြစ်သည့်အတွက်မသိချင်ယောင်တော့ ဆောင်ပေးရမည်မဟုတ်လား။

-----------

" အဟင့်...! အား။စပ်တယ်...စပ်တယ်... စပ်တယ်လို့....။  အဟင့် .....အား။ "

" ငြိမ်ငြိမ်နေစမ်း။အနာရင်းပြီးမေးခိုင်ပိုးဝင်မှာစိုးလို့ အရက်ပြန်နဲ့ဆေးပြီးဆေးထည့်ပေးနေတာကိုကွယ်။ တကယ်ပါပဲ ဒီကောင်လေးကတော့။ "

ဒေါ်လှရီ သားဖြစ်သူ၏ အနာအားဆေးထည့်နေရင်း  ပြောလိုက်ခြင်းဖြစ်သည် ။မွေးထားတာ ယောက်ျားလေးပေမို့။ဘယ့်နှယ့် မဟုတ်လို့ကတော့ သူတို့အိမ်ခေါင်မိုး ပွင့်နေတာကြာပေါ့။အော်လိုက်တာလည်း အော့ကြောလန်။ဝါးရှတာပေမို့ပဲ ဓါးထိုးခံရလို့ကတော့။ အင်း...မတွေးရဲ..မတွေးရဲ။

သူကြီးကတော်(BL)Where stories live. Discover now