အခန်း -၁၈

24.4K 2.1K 41
                                    

Unicode

" သီ သားဘုန်းကော။ "

ဒေါ်လှရီ ဘုန်းမြတ်အားမတွေ့၍ ဒေါ်မေသီ့အားမေးလိုက်ခြင်းပေ။

" မသိဘူးလှရဲ့ ဟိုဘက်တစ်ချက်ဆိုပြီးထွက်သွားတာ ခုထိပြန်မလာသေးဘူး။ "

သီ့ စကားကြောင့်ဒေါ်လှရီ စိတ်ထဲတစ်ချက်ထင့်သွားသည်။မဟုတ်မှ.....။မဟုတ်လောက်ပါဘူး။

" အရီးရေထင်းလေးလာထိုးပေးလှည့်ပါဦးဗျ "

" အေးအေး လာပြီ။ "

နန္ဒရွာထိပ်ရှိဘုန်းကြီးကျောင်းသို့ တစ်ဦးတည်းထွက်လာခဲ့သည်။ဘုန်းမြတ် သူဘုန်းကြီးကျောင်းသို့ ရောက်လာအုံးမည်မဟုတ်ကြောင်းကိုခေါ်ပြောသော‌ကြောင့် အဟန့်အတားအနေဖြင့် နန္ဒအားဘုန်းကြီးကျောင်းသို့လွှတ်လိုက်ခြင်းပေ။

ငါ့နှယ့် ဒီအတွဲတွေနဲ့လည်းတကယ် စိတ်လေတယ်။

တီးတိုးရေရွတ်လိုက်ရင်းဘုန်းကြီးကျောင်းသို့အဝင်။

" ဒကာလေးနန္ဒ သူကြီးလေးဘုန်းမြတ်ကောကွဲ့။ "

ဘုန်းဘုန်းအမေးမှာ နန္ဒဆွံ့အနေမိသည်။သွားချိန်းတွေ့တယ်လို့လည်း‌ေလျှာက်တင်ရမှာလား။လောကီအာရုံကာမဂုဏ်ကိုနစ်မူးစွဲလမ်းနေတယ်လို့ပဲ‌ေလျှာက်လိုက်ရမလား။ကယ်ပါထားပါတော့ ငါကပဲဖာထေးပေးလိုက်ပါ့မယ်။

" ဘုန်းဘုန်းဘုရား သူကြီးကဟိုဘက်ရွာမှကိစ္စလေးရှိလို့ သွားဖြေရှင်းရကြောင်းပါ "

" အေးကွယ် အစ်မဖြစ်သူမင်္ဂလာပွဲအကြိုနေ့မှာတောင် မကူနိုင်အောင်ဘယ်လောက်တောင်အရေးကြီးတဲ့ကိစ္စများပါလိမ့် "

" ဒီလိုပါပဲ နှလုံးသားရေးရာပေါ့ "

" ဘာကွယ့် !!!!!! "

" မဟုတ် မဟုတ် မဟုတ်ပါဘူး။ "

သွားပါပြီ။စိတ်ထဲကနေပြောလိုက်တာကို ဘယ်လိုလုပ်ကြားသွားတာပါလိမ့်။ဒါမှမဟုတ် ဘုန်းဘုန်းကစိတ်ဖတ်တတ်နေတာများလား။အကြားအမြင်ရနေတာလား။ငါလန့်လာပြီကွာ။

" အိမ်း ကောင်းပြီ။ကောင်းပြီ။ "

" တင်ပါ့ တပည့်တော်သွားလိုက်ပါဦးမယ်ဘုရား "
" အေးအေး "

သူကြီးကတော်(BL)Donde viven las historias. Descúbrelo ahora