Unicode
နံနက်ခင်းအလင်းရောင်က ပစ်တိုင်းထောင်၏မျက်နှာပေါ်သို့ဖြာကျလျက်။
ကျေးငှက်သာရကတို့၏ သာယာကြည်နူးဖွယ်အသံများက ဘုန်းမြတ်၏မျက်နှာပေါ်၌ပြုံးရိပ်ထင်စေသည်။ပြုံးရသည့်အကြောင်းအရင်းက ငှက်ကလေးများကြောင့်မဟုတ်ပေမဲ့လည်းပေါ့။
ဘုန်းမြတ် နွေးထွေးလှသည့်နေရောင်ဖြာကျနေသော ကလေး၏မျက်နှာလေးအား ငေးကြည့်နေလိုက်သည်။နဂိုကတည်းက ရွှေဝါရောင်အဆင်းရှိသူမို့ နေရောင်ဖြာကျသောအခါ၌မှု အဆုံးအစမရှိတောက်ပနေသော မျက်နှာလေး။
ကြည့်နေရင်းအသည်းယာလာကာ မအောင့်အီးနိုင်တော့သောကြောင့် နဖူးထက်အသာလေးအနမ်းခြွေမိသည်။
အိပ်ပုတ်လေးကတော့မနိုးပါ။
မနက်ခင်းနေရောင်က အသားမမဲနိုင်။သို့သော် ကြာကြာခံမိလျှင် အသာပူတတ်သည်။ထို့ကြောင့် ကလေးပူမည်စိုးသောကြောင့် ပြတင်းပေါက်ရှိလိုက်ကာအား ထဆွဲရန်ဟန်ပြင်လိုက်သည်။
ထိုစဉ် ကုတင်ပေါ်မှဆင်းရန်ဟန်ပြင်နေစဉ်။
" အင်း ....... ဟင့် "
" ဟင် ကလေး ဘာဖြစ်လို့လဲ။ "
" ဟမ် ဘာမှမဖြစ်ပါဘူး။ပူလို့လေ။ "
" ခဏ ကိုယ်လိုက်ကာသွားဆွဲပေးမယ်။ "
" ဟုတ် "
" ကဲပြော အခုမပူတော့ဘူးမဟုတ်လား။ "
" အင်းးးးး "
" ခဏလေး ကိုယ်ရေသွားခပ်ပေးမယ်။အိပ်ယာထရင် ရေတစ်ခွက်တော့သောက်ရတယ်ရေမသောက်ဖြစ်ရင်ကလေး တစ်နေ့လုံးမူးေနာက်နောက်ဖြစ်နေလိမ့်မယ်။ "
" ဟုတ်ကဲ့ပါဗျ။ "
ကိုဘုန်းရေသွားခပ်တုံး ပစ်တိုင်းထောင်တကိုယ်ရည် ဆွေးနွေးခန်းဖွင့်လေတော့သည်။
" ဆိုတော့ကာ ငါ့ယောက်ျားခိုးတာက အထမြောက်သွားတာလား။အထမမြောက်သွားတာလား။ကိုဘုန်းကငါ့ကို မယူဘူးလား။သွားပါပြီ။ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး။ကိုဘုန်းတော့ငါ့ကိုယ်ယူလောက်မှာပါဆိုပြီး ခိုးမိပါရဲ့အခုတော့..အခုတော့ဘာတွေဖြစ်သွားပြီလဲ။မသိတော့ဘူးကွာ။ "
VOUS LISEZ
သူကြီးကတော်(BL)
Fiction généraleTitle - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi