Final Extra

18.6K 759 15
                                    

Unicode

ပစ်တိုင်းထောင်၏ ရင်တွင်းခံစားချက်များ။

ပထမဦးစွာ မင်္ဂလာပါ။ ကျနော်ကတော့ သူကြီးကတော်လေးဖြစ်တဲ့ ဦးဘုန်းမြတ်ဇေယျာရဲ့ တစ်ဦးတည်းသော ခင်ပွန်းလေး ပစ်တိုင်းထောင်ပါ။

ဒီနေ့ကတော့ ကျနော့ယောက်ျားအိမ်မှာမရှိတဲ့အတွက် သူ့မကောင်းကြောင်းတွေကို စာရင်းလုပ်ပြီး မှတ်ထားချင်ပါတယ်။ တစ်ခုကျူးလွန် တစ်ခါအပြစ်ခံယူ စနစ်နဲ့ပါ။

ယောက်ျားကိုနှိပ်စက်တာတော့မဟုတ်ပါဘူးနော် သူ့ကို စည်းကမ်းရှိလာစေချင်လို့ပါ။ ပစ်တိုင်းထောင်လည်းနှလုံးသားရှိတယ်လို့။

၁။ ညဘက်တွေလက်ကို စည်းကမ်းရှိစေချင်တယ်။

ဟုတ်တယ်သူက လက်စည်းကမ်းမရှိဘူး။ ရိုင်းရိုင်းပြောရမယ်ဆိုရင် လက်ကမြင်းတယ်ပေါ့ဗျာ။ ဘယ်အင်္ကျီဝတ်ဝတ်၊ စပန့်ပဲဝတ်ဝတ်၊ ပုဆိုးနဲ့ပဲဖြစ်ဖြစ်၊‌ေဘာင်းဘီနဲ့ပဲဖြစ်ဖြစ်။ ချည်သားလား သိုးမွေးလား၊ အကုန်လာထား ဘုန်းမြတ်ဇေယျာတို့လက်က ဓားထက်ထက်တယ်။ အသည်းအသန်ထိုးဖြဲပြီး လူကိုပွတ်သီးပွတ်သပ်လုပ်နေတော့တာပါပဲ။

၂။ အစားချေးမများပေမဲ့ အရမ်းမစားစေချင်ဘူး။

ညည်းညူတာတော့မဟုတ်ပေမဲ့။ ဟုတ်တယ် ညည်းညူတယ်ဘာဖြစ်လဲ သွားတိုင် ဘုန်းမြတ်ဇေယျာလည်းမကြောက်ဘူး။ ထိပ်တုံးလည်းမကြောက်ဘူးဘာမှမကြောက်ဘူး။ အားနေဘာထည့်ထည့်‌ဝင်နေတာကိုများ။ ပါးစပ်ပြောပါတယ်။ တစ်နေ့တစ်နေ့သူစားဖို့လုပ်ပေးရတာလူလည်းဖတ်ဖတ်ကိုမောပဲ။ အစားဆင်ခြင်စမ်း မောင်မင်း!!!!!!!

၃။ ညညစောစောမအိပ်ခိုင်းနဲ့။

အားလုံးပဲ ဒီလူကြီးရဲ့ရည်ရွယ်ချက်ကိုသိမှာပါ။ ကျနော်ကတော့ ရှက်လို့မပြောချင်တော့ပါဘူးဗျာ။ ဟုတ် ကျေးဇူး။

၄။ အစောကြီးမထခိုင်းနဲ့။

ဒီအကြောင်းပြောရင် လူတွေက စောစောထပြီး ထမင်းချက်ခိုင်းတယ်ထင် နေကြအုံးမယ်။ မဟုတ်တမ်းတရားတွေပါ။ သိကျတယ်ဟုတ် စောစောထပြီး အဟင်း အဟင်း။

၅။ တီ!!!!!! (ဆင်ဆာဖြတ်သံ ဒီမေးခွန်းအားမုန့်စိမ်းပေါင်းမှ banလိုက်ပါသည်။ )

သူကြီးကတော်(BL)Where stories live. Discover now