အခန်း - ၁၅

28K 2.3K 89
                                    

Unicode

" အောက် အီး အီး အွတ် "

" ဟင် ! "

ရုတ်တရက် အိပ်ယာကနိုးလာသောကြောင့် ခေါင်းမူးနေသော်ငြား သူ၏အိမ်၌မဟုတ်မှန်းပစ်တိုင်းထောင်သိသည်။ဝတ်ထားသည်မှာလည်းသူ၏အင်ကျီမဟုတ်ချေ။သူ့ဘေး၌လည်းလူတစ်ယောက်ရှိသည်။မော့ကြည့်လိုက်တော့ ဘုန်း မြတ် ဇေ ယျာ !

အား !!! သွားပြီ။သွားပါပြီ။ငါတော့ လူပျိုရည် ပျက်ပါပြီ။စိတ်ထဲကနေပွစိပွစိပြောနေသော်ငြား အပြင်၌ထုတ်ပြီးမပြောရဲပါချေ။သူကြောက်သည်။ပစ်တိုင်းထောင်ခေါင်းထဲ၌ ရုတ်တရက်မဟုတ်မကအတွေးများ ဝင်လာကာခြုံထားသော မုဒုံစောင်အပါးလေးအား ပင့်ကြည့်လိုက်သည်။အိမ်း သူ့ပုဆိုးမှာတော့ ဟန်မပျက်သား ချပ်ချပ်ရပ်ရပ်ပင်။ပုဆိုးအားသေချာအောင်ပြန်ကြည့်လိုက်တော့မှ သူ့ပုဆိုးမဟုတ်မှန်းသိသွား‌သည်။ထို့အတူ အင်ကျီမှာလည်း သူ့ဟာမဟုတ် ကို..ဘုန်းဟာဖြစ်ပုံရသည်။

ဟင် " ကိုဘုန်း " သူ့ပါးစပ်ကထွက်သွားတာလား။

ငယ်ငယ်ကတည်းက စိတ်ဆိုးပြီးမခေါ်ခဲ့သော နာမတစ်ခုအား သူပြန်လည်ခေါ်ဆိုခဲ့ပြီလား။ဟုတ်သားပဲ မနေ့ညနေကသူမူးနေခဲ့တာပဲ။

တရားနာပြီးနောက် ထန်းရည်သောက်ရန် ရွာထိပ်ရှိထန်းတောထဲသို့ ထွက်ခွာခဲ့သည်။လမ်း၌လည်း ဟိုအရင်ကလိုမြင်သူတကာအား ပြုံးမပြနိုင်ခဲ့ပါချေ။အရင်ကကိစ္စများအား ပြန်တွေးကာလမ်းလျှောက်နေစဉ်  ဘေးနားကဖြတ်သွားသော နွားလှည်းကြောင့် ထသွားသောဖုန်မှုန့်များကပင်လှောင်ရယ်နေသယောင်ယောင်။

ထန်းတောထဲရောက်တော့ ကိုပုအားထန်းရည်တစ်အိုးနှင့်မြေပဲလှော် တစ်ပန်းကန်မှာကာ လူသူနှင့်နည်းနည်းလှမ်းသည့် ထန်းပင်အောက်၌  ဖျာခင်းကာ တစ်ယောက်ထဲ ထန်းရည်သောက်နေမိသည်။မနေ့ညနေကတည်းက လောင်မြိုက်နေသော သူ၏စိတ်အစဉ်အားထန်းရည်က လောင်စာဖြည့်ပေးနေသည်။အဲ့ဒီ နုငယ်ရွယ်ဆိုတဲ့မိန်းမ သူ့ဘဝအား ငယ်စဉ်ကတည်းကပင် ဝင်ရောက်စွက်ဖက်ခဲ့သည်။သူ.. သူ..သူသာ ဝင်မပါခဲ့လျှင် ကိုဘုန်းကိုသူအခုချိန်အထိ စိတ်ဆိုး၊စိတ်ကောက်ကာ အရွဲ့တိုက်မိမည်မဟုတ်။

သူကြီးကတော်(BL)Dove le storie prendono vita. Scoprilo ora