အခန်း-၂၂

23.2K 2.1K 189
                                    

Unicode

" ကိုဘုန်း ကိုဘုန်းရေ ဗျို့ ကိုဘုန်းး "

ဘုန်းမြတ် လပြည့်ညမို့လမင်း၏ အလှကိုရှုရင်း အကြမ်းရည်သောက်ရန်  အိမ်ရှေ့ကွပ်ပျစ်ပေါ်၌ထိုင်နေခြင်းဖြစ်သည်။ထိုစဉ်အပင်အကွယ်မှ လေသံတိုးတိုးလေးဖြင့် ကလေး ကုပ်ချောင်းကုပ်ချောင်းနှင့် ခြံထဲသို့ဝင်လာလေသည်။

လပြည့်ညမို့ အရာရာဟာ လင်းလင်းထင်းထင်းမြင်ရလေသည်။ကောင်းကင်ပြင်ကျယ်ကြီးမှာလည်း တိမ်ကင်းစင်လျက်ပင်။

" ကလေး ဘာလာလုပ်တာလဲ ညကြီးမိုးချုပ် "

" ဟိဟိ သတိရ အဲလေကြီးသီတို့က အိမ်ရောက်နေတာဆိုတော့ ကိုဘုန်းတစ်ယောက်တည်းစိတ်မချလို့လေ တော်ကြာသရဲမလာဆွဲ ဒုက္ခ။ "

" ပေါက်ပေါက်ရှာရှာကွာ ကိုယ့်ကိုဘယ်သရဲကဆွဲမှာလဲ။သတိရရင်သတိရတယ်ပေါ့ လိမ်မနေပါနဲ့ကလေးရယ် "

" ဟာဗျာ မဟုတ်ပါဘူး။မေမေကမယ်ဇလီဖူးသုပ် လာပို့ခိုင်းလို့ပါ။ "

" ဟုတ်လား။မေမေတို့ကကလေးတို့အိမ်သွားတယ်လေ ဒီညကတန်ဆောင်မုန်းလပြည့်ည၊ဆေးပေါင်းခတဲ့ညဆိုတော့ မယ်ဇလီဖူးသုပ်စုစား
ကြမလို့တဲ့လေ။ကိုယ်ကအိမ်မှာလူမရှိလို့ကျန်ခဲ့တာ။အခုတော့ ကလေးကအိမ်တိုင်ယာရောက်လာကျွေးတာကိုးးး။ "

" ကိုဘုန်းနော် အခုတလော အကျင့်တွေတအားပျက် လူရှေ့မရှောင်သူရှေ့မရှောင်နဲ့ "

" မကျွေးတော့ဘဲနေမှာ "

" စတာလေကွာ "

" ပြီးရော လာပန်းကန်လာယူပေးအုံး ထိုင်တောင်မထိုင်ရသေးဘူး။လာတာနဲ့ရပ်ပြီးစကားပြောခိုင်းတယ် ဟွန့် "

" ...... "

လမင်းကြီးက ထိန်ထိန်သာလျက်။သန်းခေါင်းယံ အချိန်သို့ရောက်နေပြီဖြစ်သော်ငြား သကောင့်သားလေးမှာ အိမ်သို့မပြန်နိုင်ပေ။မယ်ဇလီဖူးသုပ်အတူစားမည်ဟုပြောရင်း အကြမ်းရည်ခွက်အားမှုတ်ကာသောက်နေလေသည်။ပုဆိုးဝတ်ထားသောကြောင့် ခြင်ကိုက်မှာစိတ်မပူ‌ရပေမဲ့။လက်ပြက်ကလေးဝတ်ထားသည်မို့ လက်မောင်းနှင့်လက်ဖျံမှုကား ခြင်ကိုက်ခံရလေသည်။

သူကြီးကတော်(BL)Where stories live. Discover now