အခန်း - ၄

31.3K 2.6K 24
                                    

Unicode

ပစ်တိုင်းထောင်တစ်ယောက် ဘူသီးကြော်အား အားရပါးရ စားပြီးနောက် လက်ချောင်းကလေးများအားလျှာဖြင့်သပ်ကာ တစ်ရှူးဖြင့်သုတ်လိုက်သည်။

လက်ကျန်ရေနွေးခွက်အားမော့ကာ စားသောက်ခြင်းအမှုအား အဆုံးသတ်လိုက်တော့မှ မိမိအားတစ်ယောက်ယောက်စောင့်ကြည့်နေသလို ခံစားရသောကြောင့် ခေါင်းအားမော့ကာကြည့်လိုက်သည်။

စူးရှတောက်ပသော မျက်ဝန်းအစုံနှင့် မိမိအားစိုက်ကာကြည့်နေသော အနှီလူသား သူကြီးဘုန်းမြတ်ဇေယျာ။ကြက်သီးမွေးညင်းတွေတောင်ထရပါသည်။

ဘယ်လိုတောင်ကြည့်နေတာတုံး ‽

ဘုန်းမြတ်တစ်ယောက် စိုက်ကြည့်နေတာ လူမိသွားပြီ။ရှက်ရမ်းရမ်းပြီး ခေါင်းသာငုံ့ချလိုက်ရတော့သည်။ခဏအကြာ ထထွက်မည်ဟန်ပြုသောပစ်တိုင်း‌ေထာင်ကြောင့် ထိုင်စောင့်ရင်း ကိစ္စအားသတိရကာ ကုန်းကပ်ထလိုက်သည်။

" မမ ပြန်‌ေတာ့မယ်မို့လား "

ပြောလည်းပြော သူတို့ဝိုင်းအနားသို့ ခြေလှမ်းများက အမိန့်မပေးဘဲ ကြွလှမ်းသွားလေတော့ခန္ဓာကလည်း အလိုအလျောက်ပါသွားချေပြီ။

ပစ်တိုင်းထောင် ထိုင်ခုံမှအထ မိမိတို့အနားရောက်လာသော ဘုန်းမြတ်ဇေယျာအား မော့ကြည့်လိုက်သည်။ဘေးနားရှိမမသော်ကလည်း ထိုင်ရာကနေ‌ထရင်း သူ့မောင့်အားလှမ်းပြောလိုက်သည်။

" ဟုတ်တယ်။ပြန်ကြမယ်လေ နေတောင်ဝင်ရော့ပေါ့။ "

မမသော် ပြောလိုက်သောစကားကြောင့် ပစ်တိုင်းထောင် မမသော်အားလှမ်းကြည့်လိုက်သည်။စိတ်ထဲတွင်တော့ ...

ဘာလဲငါကသူနဲ့အတူပြန်ရမှာလား ။

စိတ်ထဲတွင်ပြောနေသော်လည်း လက်တွေ့တွင်တော့မ‌ေပြာ။မမသော်ကြားနိုင်လောက်မည့် အသံဖြင့်သာပြောလိုက်သည်။တော်ကြာနေငါကပဲ သူကိုလိုက်ပြီးကြည့်နေတယ်ထင်အုံးမည်။

" မမသော် လာကြိုခိုင်းထားတာလား။ "

" အမ်... မကြိုခိုင်းထားပါဘူး။ဘုန်းမြတ်က အလှူခံဌာန ကိစ္စဆွေးနွေးရင်းအပြန် ဝင်ခေါ်တာနေမှာ။ အဖေက ဝင်ခေါ်ခိုင်းထားတယ်ထင်တယ်။ "

သူကြီးကတော်(BL)Where stories live. Discover now