အခန်း - ၁၂

27.3K 2.4K 139
                                    

Unicode

" ကဲ .... ဟောဒီဘက်က သမီးတော်ကြီးက ကြာသာပတေးသမီး မဟုတ်လားဝေ့။အိမ်း..... သမီးတော်ကြီးရဲ့ ကံဇာတာတွေဟာအင်မတန့်အင်မတန့် မြင့်တက်နေတယ်။ဒါပေမဲ့ ....။ "

ဗေဒင်ဆရာ ဦးသာ‌ေအာင်စကားကြောင့် ဒေါ်မေသီလန့်သွားကာ ရှူးရှူးရှဲရှဲနှင့်။

" ဒါ ... ဒါ .....ဒါပေမဲ့ ဘာဖြစ်လို့လဲရှင်။ကျွန်မဖြင့် ရင်တွေတောင် တုန်လာပြီရှင်။ "

ဦးသာအောင် သူ၏မေးစေ့တစ်ဝိုက်ရှိ မုတ်ဆိတ်မွှေးများအား ခပ်ဖွဖွသပ်ကာ။

" သမီးတော်ကြီး ရာထူးတိုးကိန်းမြင်တယ်ဟေ့။ "

" ဘာ....ဘာ....ဘာ ရာထူးတိုးကိန်းလဲ ဆရာကြီးရှင်။ "

" အိမ်းပြောရရင်တော့...... အင်း..... ယောက္ခမအဖြစ်ရာထူးတိုးကိန်းပေါ့။ "

ဦးသာအောင် စကားကြောင့် အစောတုန်းကဆိတ်ဆိတ် နေခဲ့တဲ့ဒေါ်လှရီပင် အံ့ဩဘနန်းဖြစ်ကာ ဒေါ်မေသီနှင့်အတူပင် အံ့အားသင့်လျက်သား။မေသော်တာ မကြာသေးမီကခိုးရာလိုက်သွားခဲ့ကြောင်း သူတို့ဆရာကြီးအားပြောပြမထားသောကြောင့်ပင်။

" ရှင်!!!!!!!! "

" ဟုတ်တယ်ကွဲ့ ။ဟုတ်တယ် နှစ်ခါတောင်တိုးမှာ နှစ်ခါတောင် !!!!! "

ဦးသာအောင် နှစ်ခါတောင်ဆိုသည့် နေရာ၌လေသံအားသိသိသာသာဖိကာ လက်နှစ်ချောင်းပင်အစစ်ထောင်ပြလိုက်သေးသည်။

ဒေါ်မေသီအဆုံးမှာတော့ မူးတောင်မူးလာသလိုပင်ခံစားလာရသည်။ထို့ကြောင့်....

" လှရေ နှာရှူဆေးလေးပါရင် သီ့ကိုငှားပါ့ဦး။ "

ဒေါ်လှရီ ဒေါ်မေသီအား ပိုက်ဆံအိတ်ထဲမှ နှာရှူဆေးဘူးအား နှိုက်ကာပေးလိုက်သည်။တော်သေးသည် မူးမလဲတာ မဟုတ်ရင်မနည်းနှာနှပ်ယူရလိမ့်မည်။

ဒေါ်မေသီ နှာရှူဆေးဘူးအား တစ်ချက်တစ်ချက်ရှူရင်း။

" ဒါတွေပဲလား ကျန်တာတွေကောတစ်ချက်လောက် ကြည့်ရှူပေးပါဦး ဆရာကြီးရဲ့။ မကောင်းတာဆိုရင်တော့ပြောကိုပြောမနေပါနဲ့တော့ရှင် ကျွန်မဖြင့်မခံနိုင်မှာစိုးတယ်။ "

သူကြီးကတော်(BL)Where stories live. Discover now