အခန်း - ၁၉

25.1K 2.2K 100
                                    

Unicode

ပန်းသတင်းလေညင်းဆောင်သလို လူသတင်းလူချင်းဆောင်လို့ ပြန့်ပြန့်သင်းသင်းသန့်သန့်ရှင်းရှင်း သူငယ်ချင်းတို့မင်္ဂလာပွဲ  ကောင်းချီးဩဘာထောပနာသံတွေ . . .

" မ ပြီးပြီလား အရှေ့သွားရအောင်လေ ဟိုမှာဘုန်းမြတ်ကတာဆူနေပြီ မရဲ့ "

မေသော်တာခြုံပဝါအား ပြင်ရင်း။

" ကိုရယ် နေပါဦးဒီမှာ ချွေးတောင်ထွက်တော့မယ်။ "

မေသော်တာ့စကားကြောင့် သူရကပျာကယာ တစ်သျှူးယူရင်း ချွေးထွက်နေသော နံဖူးတဝိုက်သို့အသာလေး ခပ်ဖွဖွပုတ်ပေးလိုက်သည်။

" ကို ဒီနားဒီနားဒီနားလေး နည်းနည်းလောက် "

" အော် .... "

ဘုန်းမြတ် အပြင်၌စောင့်ရသည်မှာကြာလာ၍မသင်္ကာသည်မို့ဝင်ကြည့်လိုက်တော့ ပြုံးစိစိနှင့် တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်ကာ ချွေးသုတ်ပေးနေသော ကြင်စဦးအားတွေ့သည့်အခါ ဒေါသထွက်ကာပြောမိ၏။ ကလေးကတစ်ယောက်တည်းပါဆို မမသော်တို့အတွဲက တမှောင့်။တော်ကြာဟိုကစိတ်ကောက်ရင်သူတို့ချော့မှာကြနေတာပဲ။

" စောင့်နေတာကြာပြီဗျာ။ကျွန်တော့ကိုလည်းအားနာပါဦး။ဟိုကနေကောင်းတာမဟုတ်ဘူးဗျ။ "

ပြောရင်းငိုမဲ့မဲ့ဖြစ်လာသော ဘုန်းမြတ်ကြောင့်မေသော်တာ ချက်ချင်းလက်ငင်းပင်။

" အေးပါဟယ် မမတောင်းပန်တယ်လာလာ ကိုရေသွားရအောင် "

သူရကြောင်အအ ဖြစ်နေမိသည်။ဘယ်ကလဲ ဘယ်သူလဲ ဘယ်ဟိုလဲ။

" မြန်မြန်သွားပါဗျ။ "

‌မမသော်တို့ ထွက်သွားပြီးတဲ့နောက် ဘုန်းမြတ်လမ်းကိုသွက်သွက်လျှောက်ကာ ကလေးဆီသို့ချီတက်သည်။

" ကလေးရေ "

" ကို ဘုန်း !!!!!! "

" နောက်ကျတယ် လာတာ "

ဘုန်းမြတ်အိမ်ထဲသို့မဝင်မီ အဝ၌ပင်အော်ခံလိုက်ရလေသည်။အိမ်ပေါ်ရောက်တော့ လည်ကတုံးအင်္ကျီအားကြယ်သီးတပ်လျက်ဆင်းလာသောကြောင့် အသည်းအသန်ကျောမှတွန်းပြီးအိမ်ထဲသို့ပြန်သွင်းရသည်။

သူကြီးကတော်(BL)Where stories live. Discover now