အခန်း - ၁၁

28.7K 2.4K 138
                                    

Unicode

ဘုန်းမြတ် ထိုင်ကာခေါင်းငုံ့နေရှာသော ထိုကောင်လေးအနားသို့ သွားပြီးကိုယ်ကိုကိုင်းကာ ပြောလိုက်သည်။

" ပစ် တိုင်း ထောင် ! "

ဘယ်သူသိမှာလဲ သူကခေါင်းအငုံ့ ထိုကောင်လေးက...။

ပစ်တိုင်းထောင် ဘယ်ကဘယ်လိုစပြောရမှန်း မသ်တော့ပေ။ထို့နောက် ထိုလူကြီးသူ့နာမည်ကို ခေါ်သည့်အသံကိုကြားလိုက်ရသည်။
ခဏအကြာတော့ နောက်ကျောမလုံသလိုခံစားရတာကြောင့် ပစ်တိုင်းထောင် အနောက်ဘက်သို့ကျောလှည့်ကာ ကြည့်လိုက်သည်။

ဟင် ! ထိုလူကြီး။ဘာလုပ်နေတာလဲ။မျက်နှာနှစ်ခုမှာ အလွန်တရာမှပင် နီးကပ်ကာသူ့အရှေ့မှ ထိုလူကြီး၏ အသက်ရှူသံများပြင်းနေသည်ကို ခံစားမိနေသည်။သူ့၏ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည်နှင့်။တော်သေးသည်။ချည်သားပွပွယောင်းယောင်းတွေ ဝတ်ထားမိလို့မဟုတ် သူရင်တွေဗြောင်း‌ဆန်နေတာ တစ်ဖက်လူမြင်သွားတော့မည်မဟုတ်လား။

သို့သော ထိုကာလမှာ မျက်တခတ်မျှသာကြာလိုက်ပေသည်။ထိုလူကြီးချက်ချင်း ကိုယ်ကိုပြန်မတ်ပြီး လည်ချောင်းရှင်းကာ။

" အဟင်း ...ကောင်လေး မင်းတိတ်နေတာကြာပြီနော်။ဘာမှပြောဖို့ စိတ်ကူးမရှိတော့ဘူလား။ "

" ဟို....။ "

" ဘာဟိုလဲ။ပြောလေ...။ "

" အမ် ... ဘာမှမဟုတ်တော့ဘူး။ထိပ်တုံးခတ်မှာ မှတ်လား။ဘယ်နှရက်လဲ။ဘယ်လောက်ကြာမှာလဲ။ဘယ်နေစမှာလဲ။ဘယ်နေ့ပြီးမှာလဲ။အမေကိုရော အဖေ့ကိုရောပြောပြပေး။ထမင်းလည်း လာပို့ပေး။သကြားလုံးတွေကော။ဒေါ်ပုဆိုင်က အကြော်တွေ‌ကော။မုန့်လက်ကောက်ကောလို့။မကြာမကြာလာကြည့်လို့။ပြီးတော့... ပြီးတော့ အဟင့်...ဟင့်။ "

ဘုန်းမြတ်တစ်ယောက် သွေးရူးသမ်းရူးနဲ့ပြောချင်ရာပြောနေသော ပစ်တိုင်းထောင်အားကြည့်ရင်း တိတ်တိတ်လေးခိုးရယ်ရန်ကြံရွယ်လိုက်ကာမှ။တအင့်အင့် နှင့်ခွေးပေါက်လေးအလား ငိုနေသောထိုကောင်လေးအား တွေ့လိုက်ရတော့သည်။သူတမင်တကာလှောင်ချင်သည့်သဘောနှင့် ရယ်တာမဟုတ်။ထိုကောင်လေး၏ အမှာတမ်းကမသိလျှင် ထောင်ကျတော့မလိုလို၊ဖတ် ! ဖတ်! ဖတ်! လွဲပါစေ။ဖယ်ပါစေ။လွဲပါစေ။ဖယ်ပါစေ။

သူကြီးကတော်(BL)Where stories live. Discover now