အခန်း - ၁၄

27.1K 2.4K 209
                                    

Unicode

" ကဲ...တရားနာ ပရိတ်သတ်အပေါင်းတို့။ "

ဘုန်းဘုန်းဘုရား ကတော့တရားနာယူရန်မိန့်ကြားပြီးနောက် တရားရေအေးအားစတင် တိုက်‌ေကျွးလေတော့သည်။နိဗ္ဗာန်ရောက်ကြောင်း တရားတော်များအားဟောကြားနေသော်ငြား တစ်ယောက်‌ေသာသူမှာတော့ တရားတော်အတွင်း၌ စိတ်မဝင်စားနိုင်ပါချေ။
ထိုသူမှာတော့ ပစ်တိုင်းထောင်ပင်ဖြစ်ပေသတည်း။

ပစ်တိုင်းထောင် မနေ့ညနေကတည်းက နေမထိထိုင်မသာဖြစ်ရသည်။ဟိုလူကြီး...ဟိုလူကြီးရင်ခွင်ထဲက ပြေးထွက်ပြီးသကာလ ချစ်ဖို့အလွန့်အလွန်ကောင်းသောခြေထောက်လေးများက အိမ်ကိုခြေဦးမတည့်ဘဲ အလှူခံဌာနရှိရာ ရွာလယ်သို့ဦးတည်ခဲ့ရာ မျက်နှာပူပူနှင့်သာ တရားနာ ဖိတ်ကြားရန် လော်နှင့်အော်ပေးရပြန်သည်။

တရားဟောသည့်အသံအားနားစွင့်ထားပါသော်လည်း အတွေးထဲ၌ဟိုလူကြီး သူကြီးဘုန်းမြတ်ဇေယျာပင်။သူများတကာ အတွေးထဲလာလာနှောင့်ယှက်နေပါသော်လည်း မသိစိတ်ကမောင်းမထုတ်ရက်ပြန်။သူဘာတွေဖြစ်နေပြန်တာလဲ။ပစ်တိုင်းထောင် ဘုန်ဘုန်း၏မေးခွန်းများအား ဝူးဝူးဝါးဝါးပြန်ဖြေရင်း ဟိုလူကြီးအားခိုးခိုးကြည့်မိသည်။

မျက်ခုံးထူထူ၊ရင်အုပ်ကျယ်ကျယ်နှင့် ခြောကိပေစွန်းသောအရပ်မှာ ယောက်ျားလေးများအတွက်တော့ မနာလိုအားကျစရာဆိုပေမဲ့။မိန်းကလေးများအတွက်တော့မှိခိုအားထားချင်စရာပင်။

ပစ်တိုင်းထောင် တွေးရင်းငေးရင် မိမိကိုယ်ကိုကိုယ်မိမိပြန်ကြည့်လိုက်မိသည်။ဆယ့်ရှစ်နှစ်သာဆိုသော်လည်း လူကညှပ်စိပခုံးကကျဉ်းသေး အသားကလည်းဖြူဆွတ်။တွေးရင်းနှင့် သူဒီတသက်မိန်းမ မယူတော့ရန် ဆုံးဖြတ်ချက်ချမိသည်။

ထို့နောက် မနေနိုင်မထိုင်နိုင် အနှီသူကြီးဘုန်းမြတ်ဇေယျာအား ပြန်ခိုးကြည့်လိုက်သည်။အိမ်း တကယ့်ကို " တည်ကြည်ခန့်ညား အမျိုးကောင်းသား " ပဲ။ဟင်!!! ခဏနေပါဦး ဘာလို့သူကငါ့ကိုကြည့်ပြီးရယ်နေတာလဲ။ဧကန္တ ငါသူ့ကိုကြည့်နေတယ်ဆိုတာ သူသိများသွားလို့လား။တော်ပြီမကြည့်တော့ဘူး။တရားပဲ နာတော့မယ်။

သူကြီးကတော်(BL)Where stories live. Discover now